❀သခင်ကြင်လျှင် ပန်တော်မူ❀ အခန်း(၂၅)
~~~~~~~~~~~~~~~~~~~~~~~~~
တံခါးကို အသံမမြည်အောင် ပိတ်လိုက်ရင်း ငယ်လေး ကိုယ့်အခန်းထဲသို့ရောက်သည်နှင့် မှန်တင်ခုံပေါ်တွင် အားသွင်းထားခဲ့သော ဖုန်းလေးကို သွားဖြုတ်လိုက်၏။သူမ အခု အရမ်းပျော်နေသည်။ TK လုပ်ငန်းစုနှင့် စာချုပ်ချုပ်ခွင့်ရတော့မည်ဟူသောအဖြစ်က တကယ်အိပ်မက်လိုပင်။
စာချုပ်စာတမ်းတိတိကျကျနှင့်မလုပ်ဆောင်ရသေးသော်လည်း အခုအခြေအနေအရ သေချာသလောက်ရှိပြီမို့ ငယ်လေးပျော်နေသည်မှာမဖုံးနိုင်မဖိနိုင်။
ကိုယ်ပျော်ရွှင်နေတဲ့အချိန်ဖြစ်စေ၊ ကျရှုံးနေတဲ့အချိန်ဖြစ်စေ သတိရမိတဲ့သည်က ကိုယ်ချစ်တဲ့သူကိုတဲ့လေ။ အဲ့စကားက တကယ်အမှန်ပါပဲ။
ငယ်လေးအခုလို ပျော်နေတဲ့အခါ တစ်စုံတစ်ယောက်ကိုပြောပြချင်သည်။ ထိုလူပြောမည့် အားပေးစကားနှင့် ချီးကျူးစကားကိုကြားချင်သည်။
ဟိုအရင်ကလို 'ငယ်က တော်လိုက်တာ' ဟုသောအခါသံနှင့်အတူ သူမခေါင်းပေါ်ရောက်လာမည့် လက်ဖဝါး၏ အနွေးဓာတ်တို့ကို တကယ်လိုအပ်မိပါသည်။ ရူးမတတ်ကိုလိုအပ်မိပါ၏။
စိတ်အလိုကြောင့် ဘာဆို ဘာမှမတွေးနိုင်ဘဲ ပျော်ရွှင်သော စိတ်အစုံဖြင့် ခေါ်မိသည်က "ကိုကို❤️" ဟူသည့် ထိပ်ဆုံးက Contact name လေးသို့သာ။
ခေါ်ပြီးသည့် နောက်မှာမှ သူမ သတိရသည်။ ကိုကိုနှင့်သူမက ဘာမှမသက်ဆိုင်တော့ဘဲ...။ ပျော်ရွှင်သော စိတ်အစုံကြား ရင်နာစရာတချို့ကပ်ငြိလာတဲ့အခါ သတိရမိသည်က မစတင်ရသေးခင် အဆုံးသတ်သွားသော ဆက်ဆံရေးတစ်ခုကိုဖြစ်သည်။
သူမနှင့် ကိုကိုရဲ့ ဟိုမရောက်ဒီမရောက်ဆက်ဆံရေးက အဆုံးသတ်သွားသည်မှာ နှစ်ပတ်ခန့်ကြာမြင့်ခဲ့ပြီပဲ။ ရုတ်တရက် အာရုံထဲဝင်လာသည့် အသိကြောင့် နှလုံးသားက နာကျင်လာသည်။
ရင်ထဲကို တစ်စုံတစ်ရာက ပြင်းပြင်းထန်ထန်ဝင်ဆောင့်လိုက်သလို အသက်ရှုကြပ်လာမိသည်။
"Hello"
ကြားဖူးနေကြ အသံခပ်ဩဩလေးကိုကြားပြီးနောက်မှာ သူမ၏ ခံနိုင်ရည်စွမ်းက လုံးဝကို ကုန်ဆုံးခဲ့ပြီဖြစ်တာကြောင့် ချက်ချင်းဆိုသလိုပင် ဖုန်းကို အဝေးသို့ပစ်လိုက်မိ၏။ ကံကောင်းသည်က မှန်တင်ခုံနှင့် မျက်နှာချင်းဆိုင်နေရာတွေရှိသော ကုတင်ပေါ်သို့ရောက်သွားခြင်းပင်။
VOUS LISEZ
သခင်ကြင်လျှင် ပန်တော်မူ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆)
Roman d'amourမြွေက သွေးအေး သတ္တဝါလို့ပြောရင် ခင်ဗျားပုံပြပြီးငြင်းခဲ့ရဦးမယ်။ တကယ်ပဲ ကိုယ့်ချစ်သူအပေါ် သွေးအေးချက်က လက်လန်တယ် (Normal ကနေ Version ပြောင်း၊ အခန်းသစ်ထပ်ထည့်ပြီးရေးထားတာမလို့ အဆင်ပြေမှဖတ်ပေးပါနော်)