39 (Uni)

18.9K 1.1K 44
                                    

❀သခင်ကြင်လျှင် ပန်တော်မူ❀  အခန်း (၃၉)
~~~~~~~~~~~~~~~~~~~~~~~~~
ခေါင်ရန်း ညထဲက လိုအပ်သည့်အထုပ်အပိုးများကိုပြင်ဆင်ရင်း မောင့်အတွက်ရည်ရွယ်ထားသည့် ဆွယ်တာအညိုလေးကိုပါ သတိတရယူရသည်။

ညတွင်းချင်းပင် မန်နေဂျာအစ်မ မသူဇာဆီအပူကပ်ပြီး ခွင့်သုံးရက်တင်ရသေးသည်။ မေ့ကိုပါလှမ်းဖုန်းဆက်ပြီး ဒီရက်ပိုင်းအိမ်လာနေပေးဖို့ပြောတော့ အဆဲခံရသေးသည်။ ဆဲလည်းခံရမှာပင် မေမေနဲ့ ငယ်လေးနှစ်ယောက်ထဲ ဘယ်လိုမှစိတ်မချနိုင်တာ။

မေမေနဲ့ ငယ်လေးကို‌တော့ မနက်သွားခါနီးမှသာပြောတော့ အံ့ဩနေကြသည်။ အံ့ဩနေကြလည်းမတတ်နိုင်ပေ၊ ခေါင်ရန်းက မောင့်ဆီသွားဖို့ အထုပ်ပင်ပြင်ထားပြီးပြီလေ။

ကားနဲ့သွားရင် ၇နာရီနှင့်အထက်ကြာမှာမလို့ Flight နှင့်သွားဖို့ပဲစီစဉ်ရတော့သည်။ မောင်က နေမကောင်းတာမလို့ စိတ်လည်းပူသည်။ မောင့်ခမျာ နယ်ဝေးမှာ အားငယ်နေမယ်ဆိုတာတွေးရုံနဲ့ ရင်ထဲမကောင်းပေ။ မောင်က တခြားသူတွေနဲ့သာ ခပ်တည်တည်နေတတ်ပေမဲ့ ခေါင်ရန်းကိုဆို တအားချွဲလွန်းသည်။

အချွဲတုံးလေး မောင့်ကိုတွေ့ဖို့ ခေါင်ရန်းကြာကြာ‌မစောင့်ချင်ပါလေ။

အခုလည်း ခေါင်ရန်းက လေယာဉ်ပေါ်မှာရောက်နေတာဖြစ်၏။ လေဆိပ်ကိုထွက်လာတုန်းကတော့ မောင့်ကိုဖုန်းဆက်ထားသည်။ Flight ဖြင့်လာမည်ဖြစ်ပြီး မောင့်ဆီစောစောရောက်မည့်အကြောင်းပေါ့။ မောင်က ကိုဇွဲကိုကြိုခိုင်းမယ်ပြောပေမဲ့ ခေါင်ရန်းက လက်မခံခဲ့။

မောင်နေမကောင်းတာနဲ့ ကိုဇွဲတစ်ယောက်ထဲအလုပ်တာဝန်တွေယူနေရမှာမလို့ ခေါင်ရန်းကြောင့်ထပ်ပြီး ဝန်မပိုစေလိုတော့။

သိပ်မကြာသည့် ခရီးဖြစ်ပေမဲ့ ညကအိပ်တာအတော်လေးနောက်ကျသွားသည်မလို့ ခေါင်ရန်းခဏမှေးနေလိုက်၏။ သို့သော်လည်း စိတ်ကမငြိမ်တာမလို့ ဘယ်လိုမှမှေးလို့မရ။ ထို့ကြောင့် ခရီးစဥ်ဆုံးသည်အထိသာ ဒီအတိုင်းလိုက်ပါခဲ့ရတော့သည်။

သုံးရက်လောက်သာနေမည်ဖြစ်တာကြောင့် လွယ်အိတ်တစ်လုံးသာပါသည်။ အဝတ်အစားအနည်းအကျဉ်း၊ တစ်ကိုယ်ရေသုံးပစ္စည်းတချို့၊ ဖုန်းနှင့် အားသွင်းကြိုး၊ Wallet သာပါသော လွယ်အိတ်ကိုလွယ်ရင်း လေဆပ်ကနေထွက်ဖို့ပြင်တုန်း တစ်စုံတစ်ယောက်က လက်လာဆွဲတာမလို့ ရင်ထဲထိတ်ခနဲ။ သို့သော် ရင်းနှီးနေသည့် ကိုယ်သင်းရနံ့လေးကြောင့် ဘယ်သူဆိုတာသိပြီးစိတ်သက်သာရာရသွား၏။

သခင်ကြင်လျှင် ပန်တော်မူ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆)Où les histoires vivent. Découvrez maintenant