Extra 11
"ပေါင်ပေါင်း ဘာဖြစ်တာလဲ"
အလောသုံးဆယ်ဖြင့် လက်ရုံးအခန်းထဲ ဝင်လာကာ ပေါင်ပေါင်း လက်ကလေးကိုဆုတ်ကိုင်လိုက်၏။ သင်တန်းမှာ မူးလဲလို့ဆိုတဲ့ ဖုန်းရရခြင်း လက်ရုံးမှာ အသည်းအသန်ပြေးလာခဲ့တာပင်။ ပေါင်ပေါင်းက ဘာမှပြန်မဖြေဘဲ လက်ရုံးကိုသာ ကြောင်တောင်တောင်လေးကြည့်နေသည်။
ပေါင်ပေါင်းလက်ကို ဆုတ်ကိုင်ထားရင်းကနေ ခပ်ဖွဖွနမ်းရင် နဖူးပေါ်ဝဲကျချင်နေသော ဆံစတစ်ချို့ကိုသပ်တင်ပေးလိုက်၏။
"ဘာဖြစ်တာလဲ မောင့်ကိုပြောလေ၊ နေသာရဲ့လား"
"ဟို ဆရာဝန်က လူနာရှင်လာရင် သူ့ရုံးခန်းဆီလာခဲ့ပါတဲ့"
အနောက်က အသံထွက်လာတော့မှ လှည့်ကြည့်တော့ မျက်မှန်းတန်းမိသည့် ပေါင်ပေါင်းသင်တန်းကောင်မလေးတွေကိုတွေ့သည်။
"ဟုတ်လား၊ ကျွန်တော်သွားလိုက်ပါမယ်၊ ပေါင်ပေါင်းကို လိုက်ပို့ပေးတာ ကျေးဇူးပါဗျာ၊ တကယ်ကျေးဇူးပါ"
ကျေးဇူးတင်စကားအထပ်ထပ်ဆိုရင်း ပြောနေသည့် မောင့်ကြောင့် ကလေးမတစ်သိုက်က အနေခက်နေဟန်ရှိသည်။ ပြောရမယ်ဆိုရင် ဒီအုပ်စုက မောင့် anti fan တွေဖြစ်သည်။
မောင်က ခေါင်ရန်းကို သင်တန်းလာပို့တိုင်း လာကြိုတိုင်း လိုက်ကြည့်ကာ အတန်းချိန်ကျရင် ခနဲ့သလိုလိုရွဲ့သလိုလိုပြောတတ်သည်။ ခေါင်ရန်းကို ပိုင်းလုံးလိုလိုပြောပြီး မောင့်ကိုလည်း မွှန်နေတာဆိုပဲ။
ကိုယ့်ညီမအရွယ်လေးတွေမလို့ ခေါင်ရန်းဘာမှမတုံ့ပြန်ပေမဲ့ သူတို့ရှေ့ရောက်ရင် မောင်နဲ့ ပိုပြီး အကဲပိုပြလိုက်သည်။ သူတို့ထင်တာမဟုတ်ကြောင်း အပြုအမူကနေပဲသက်သေပြလိုက်သည်။ အခုလည်း ခေါင်ရန်းကို လိုက်ပို့ပေးတယ်ဆိုတာ အမြင်မတော်လို့ဆိုတာထက် အပြစ်ရှာဖို့အကြောင်းထပ်တွေ့လိုတွေ့ဌားလိုက်စပ်စုတာဖြစ်လောက်သည်။
"ဟို ရ..ရပါတယ်"
"အဲ့ဒါဆို ကျွန်တော် ဆရာဝန်ဆီ ခဏသွားလိုက်ဦးမယ်ဗျ၊ ပေါင်ပေါင်းကို ခဏလောက် စောင့်ပေးလို့ရမလား"
VOUS LISEZ
သခင်ကြင်လျှင် ပန်တော်မူ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆)
Roman d'amourမြွေက သွေးအေး သတ္တဝါလို့ပြောရင် ခင်ဗျားပုံပြပြီးငြင်းခဲ့ရဦးမယ်။ တကယ်ပဲ ကိုယ့်ချစ်သူအပေါ် သွေးအေးချက်က လက်လန်တယ် (Normal ကနေ Version ပြောင်း၊ အခန်းသစ်ထပ်ထည့်ပြီးရေးထားတာမလို့ အဆင်ပြေမှဖတ်ပေးပါနော်)
