4 (Unicode)

35.4K 2.2K 65
                                    

❀သခင်ကြင်လျှင် ပန်တော်မူ❀  အခန်း(၄)
~~~~~~~~~~~~~~~~~~~~~~~~~
အခန်းထဲမှာ ခေါင်ရန်း အလုပ်သွားဖို့ ပြင်ဆင်ရင်း စိတ်က မပါလှပါ။ စိုးတထိတ်ထိတ်နှင့်မို့ ဒီနေ့ အလုပ်မသွားတာ ကောင်းလိမ့်မည်။ အလုပ်သွားဖို့ ၀တ်ထားသည့် အင်္ကျီတွေကိုလဲလှယ်ကာ ဖြီးသင်ထားသည့် ဆံပင်တွေကိုဆွဲဖွရင်း အခန်းထဲကထွက်လာတော့ မေမေက အံ့ဩနေသည်။

"အလုပ်သွားဖို့ အခုထိမပြင်ရသေးဘူးလား သား"

"သား ဒီနေ့ ခွင့်ယူမလို့မေမေ"

"နေမကောင်းဘူးလား"

"ကောင်းပါတယ် မေမေ၊ ညက ကောင်းကောင်း အိပ်မပျော်တော့ ခေါင်းထဲ ငြီးစီစီကြီးဖြစ်နေလို့"

"အေး အေး၊ ဒါဆို အစားစား ပြီးရင် အိပ်ရေး၀သွားအောင် ခဏထပ်အိပ်လိုက်၊ အဲ့ဒါမှ ခေါင်းကြည်သွားမှာ"

"ဟုတ် မေမေ"

မေမေက ခေါင်ရန်းကိုမှာပြီး ဘုရားစာအုပ်ကိုင်ကာ ခုံမှာ ၀င်ထိုင်လိုက်၏။ ‌သူလည်း မီးဖိုချောင်ထဲ အရင်၀င်လိုက်သည်။ အဆာပြေတစ်ခုခုတော့ စားရမည်မဟုတ်လား။

"မေမေ သမီးပြန်ရောက်ပြီ"

အိမ်ထဲကို ကုတ်ချောင်းကုတ်ချောင်းဖြင့် ခပ်တိုးတိုး၀င်လာသည့် သမီးငယ်ကြောင့် ဒေါ်စံပယ်လှိုင် မျက်မှောင်ကျုံ့လိုက်ကာ

"အေး လာလေ၊ အိမ်ထဲကို ဘာတွေချောင်းနေတာလဲ"

"ဟီး မေမေကလည်း။ ဘာမှမချောင်းပါဘူး"

"၀င့်ဝါအဘိုးရော ဘယ်လိုနေလဲ၊ သက်သာတယ်တဲ့လား"

"ဟုတ် မေမေ သက်သာပါတယ် ဟင်း"

စောစောစီးစီး မေမေ့ကို ထပ်ပြီးလိမ်လိုက်ရသေးသည်။ မုသာဝါဒ ကျူးလွန်မိပြန်ပါပြီ။ တပည့်တော်ကို ခွင့်လွှတ်ပါ အရှင်ဘုရား။ ငယ်လေး စိတ်ထဲကသာ ဘုရားတကာ တောင်းပန်လိုက်၏။

"ငယ်လေး ငါ့အခန်းထဲလာခဲ့"

မီးဖိုခန်းထဲက ထွက်လာကာ ခပ်တည်တည်ကြီးပြောချကာ ထွက်သွားတဲ့ ကိုကြီးကြောင့် ငယ်လေး ကြက်သေသေသွားရသည်။ မျက်နှာက ချက်ချင်းအိုစာသွားကာ

သခင်ကြင်လျှင် ပန်တော်မူ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆)Where stories live. Discover now