27 (Unicode)

20.1K 1.2K 31
                                    

❀သခင်ကြင်လျှင် ပန်တော်မူ❀ အခန်း(၂၇)
~•~•~•~•~•~•~•~•~•~
"ငါ အဲ့ဒီ့အကြောင်းတွေ မသိခဲ့ဘူး၊ သူနဲ့တွဲတုန်းက ဒီအတိုင်းပဲ.. သူကလည်း သူ့အိမ်နဲ့ ပတ်သတ်တာ တစ်ခါမပြောဖူးဘူး၊ ငါလည်း သူမပြောပြတာနဲ့ အတင်းလိုက်မေးမနေတော့ဘူး။ ဒီလိုကြားရတော့လည်း ငါစိတ်မကောင်းပါဘူး"

စာချုပ်ချုပ်ပြီးပြီမို့ ငယ်လေးက မောင်စီစဉ်ပေးသည့် ကားဖြင့် အိမ်ပြန်သွားပြီဖြစ်သော်လည်း ခေါင်ရန်းကတော့ မောင့်ကို မေးစရာတွေရှိသေးတာမို့ ကျန်ခဲ့ခြင်းသာ။ ဂျစ်တစ်တစ်နှင့် မောင်က လေဟုန်ခွင်းအကြောင်းပြောပြပြီးနောက်မှာ ခေါင်ရန်းအမှန်ပင်စိတ်မကောင်း။

သူ့ကိုအမြဲနားမလည်နိုင်ပေးခဲ့တာကို အားနာမိသည်။ ခေါင်ရန်းကိုယ်ခေါင်ရန်း အမှားမရှိဘူးလို့တွေးနေခဲ့တာ တကယ်တမ်း ခေါင်ရန်းလိုအပ်ခဲ့တာတွေလည်း အများကြီးပါပဲ။

ကိုယ့်ချစ်သူတစ်ယောက်ပြောင်းလဲသွားခဲ့တာကို အရေးမထားခဲ့မိသလိုဖြစ်သွားခဲ့သည်။ ဘာကြောင့်ပြောင်းလဲခဲ့တာလဲဆိုတာကို မသိချင်ဘဲ ကိုယ့်ကိုယ်ကိုယ်နစ်နာသူကြီးလိုလုပ်နေခဲ့မိတာ။

"ဟင်း....."

ခေါင်ရန်း အရင်အကြောင်းတွေ ပြန်တွေးရင်း သက်ပြင်းချရင်းမှ မောင့်ဆီအကြည့်ရောက်သွားတော့ မောင်က မှုန်ကုတ်ကုတ်ကြည့်နေတာမို့ လန့်သွားရသည်။

"မောင်က ဘာလို့ အဲ့လိုကြီးကြည့်နေတာလဲ၊ လန့်တောင် လန့်သွားတာပဲ"

"ကဲပါ ထားပါတော့ ထပ်မပြောမနေဘူး။ အခုတော့ မောင်နဲ့ လိုက်ခဲ့၊ ကုမ္ပဏီအနှံလိုက်ပြပေးမယ်..."

ခေါင်ရန်းလက်ကိုဆွဲကိုင်ကာ မောင်က ထရပ်လိုက်တာမို့ ခေါင်ရန်းကမထသေးဘဲ မောင့်လက်ကိုပြန်ဆွဲထားလိုက်ရသည်။

"မောင် အလုပ်တွေမရှိဘူးလား၊ ငါ့ကြောင့်အလုပ်တွေပျက်နေဦးမယ်"

ကုမ္ပဏီတွင် အထက်အရာရှိတစ်ယောက်ဖြစ်သည့် မောင်က ခေါင်ရန်းသိနေကြကောင်လေးနှင့်မတူစွာ တည်ကြည်နေသည်။

နက်ပြာရောင် Suit ကိုဝတ်ထားပေမဲ့ အထဲရှိ ရှပ်အင်္ကျီအဖြူကို ကြယ်သီး နှစ်လုံးခန့်ဖြုတ်ထားသည်မို့ မောင့်ပုံစံက အရမ်းကြီးလူကြီးမဆန်သော်လည်း အရှိန်အဝါတစ်ခုကရှိနေသည်။ ဘာရယ်ဆိုပြီး တိတိကျကျမပြောတတ်ပေမဲ့ မောင်က ခေါင်ရန်းမျက်နှာမပျက်ရအောင် ချစ်ပေးပေမဲ့လည်း ခေါင်ရန်းမှာ တစ်ခါတလေ သိမ်ငယ်စိတ်က ဝင်တတ်သည်။

သခင်ကြင်လျှင် ပန်တော်မူ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆)Where stories live. Discover now