❀သခင်ကြင်လျှင် ပန်တော်မူ❀ အခန်း (၃၆)
~~~~~~~~~~~~~~~~~~~~~~~~~
"ပေါင်ပေါင်း..."အသံရှည်ဆွဲပြီး ချွဲသလိုခေါ်လိုက်တော့ ဧည့်ခန်းတွင် စာထိုင်ဖတ်နေသည့် အညိုလုံးလေးက သူရှိရာဆီသို့ လှမ်းကြည့်လာ၏။
ခပ်တည်တည်လေးဖြစ်နေတဲ့ မျက်နှာကြောင့် သူအထဲမဝင်ရဲသေးဘဲ အိမ်ပေါက်ဝတွင်သာ မတ်တပ်ရပ်ရင်း အိမ်တိုင်ကို ဟိုခြစ် ဒီခြစ်လုပ်နေ၏။
"ဝင်မလာဘဲ ဘာလုပ်နေတာလဲ အဲ့မှာ"
သူ့ဆီကို အကြည့်မရောက်ဘဲ လှမ်းငေါက်လိုက်သည့် အညိုလုံးလေးကြောင့် ဒီကိစ္စချော့ရမဲ့ကိစ္စက မသေးမှန်းရိပ်မိလိုက်၏။ မလှမ်းချင်လှမ်းချင်နဲ့ တဖြည်းဖြည်းတိုးသွားတော့ အညိုလုံးလေးက ဆတ်ခနဲမော့ကြည့်ကာ
"မလာချင်ရင် အဲ့နေရာကနေလှည့်ပြန်သွား။ အနားလာချင်သလို မလာချင်သလိုလုပ်မနေနဲ့"
တစ်မှုကနေ နှစ်မှုတိုးတော့မည့်အဖြစ်ကို ရိပ်မိတာမလို့ သူ အညိုလုံးလေးနားသို့အပြေးတစ်ပိုင်းရောက်သွားမိသည်။ တစ်ဆက်တည်းပင် အညိုလုံးလေး၏ဘေးတွင်ဝင်ထိုင်လိုက်၏။ ထိုင်ခုံက လူသုံးယောက်ထိုင်စာရှိတာမလို့ သူဝင်ထိုင်လိုက်ပေမဲ့လည်း ချောင်ချောင်ချိချိ။
"ပေါင်ပေါင်းကလည်း မောင်က မလာချင်ဘဲနေမလားလို့"
"မသိဘူးလေ မင်းက တွန့်ဆုတ်တွန့်ဆုတ်လုပ်နေတာကို"
"ပေါင်ပေါင်းနော် ဘာမင်းလဲ၊ မောင်လို့..မောင်လို့ ခေါ်"
ချက်ချင်းပင် ခေါင်ရန်းခါးကို လက်နှစ်ဖက်ဖြင့် သိုင်းဖက်ရင်း ရင်ခွင်ထဲခေါင်းတိုးဝှေ့လာသည့်မောင်က ကြောင်ပေါက်လေးလို။ အပြစ်လုပ်ထားမိရင် ချွဲတတ်သည့် မောင့်အမူအကျင့်တွေကို ခဏခဏကြုံရပေမဲ့ ခေါင်ရန်းမှာ မရိုးနိုင်ဘဲ အမြဲ အသည်းတယားယား။
သို့သော် ဒီတစ်ခါတော့ မရ။ ဒီကောင်လေးက မဟုတ်ရင် တအားဆိုးတာ။ မောင်ဆိုးတာကို ခေါင်ရန်းက ဘာနေနေမငြိုငြင်ပေမဲ့ မောင်ပင်ပန်းမှာဆိုးလို့ တားမြစ်ရမည်သာ။
ထို့ကြောင့် "မောင်"ဟုခေါ်ခိုင်းနေသည်ကို လျစ်လျူရှုလိုက်ကာ

KAMU SEDANG MEMBACA
သခင်ကြင်လျှင် ပန်တော်မူ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆)
Romansaမြွေက သွေးအေး သတ္တဝါလို့ပြောရင် ခင်ဗျားပုံပြပြီးငြင်းခဲ့ရဦးမယ်။ တကယ်ပဲ ကိုယ့်ချစ်သူအပေါ် သွေးအေးချက်က လက်လန်တယ် (Normal ကနေ Version ပြောင်း၊ အခန်းသစ်ထပ်ထည့်ပြီးရေးထားတာမလို့ အဆင်ပြေမှဖတ်ပေးပါနော်)