❀သခင်ကြင်လျှင် ပန်တော်မူ❀ အခန်း (၃၈)
~~~~~~~~~~~~~~~~~~~~~~~~~
"ရှင်..သူပျောက်နေတာလား""ဟုတ်တယ် ညီမ၊ နေ့လည်ထဲက အစ်ကိုနဲ့အဆက်အသွယ်မရတော့တာ အခုထိပဲ။ အဲ့ဒါ ညီမဆီများဆက်သွယ်သေးလားလို့"
ကိုကို့ မန်နေဂျာဖြစ်သူ၏ စကားကြောင့် ငယ်လေး စိတ်ထဲမတင်မကျဖြစ်သွားရသည်။ နေ့လည်က ငယ်လေးဆီလာတုန်းက နှုတ်ဆက်စကားပြောသည့် ကိုကို့ကို ရင့်ရင့်သီးသီဆက်ဆံခဲ့မိတာကို ပြန်သတိရတော့ ရင်ထဲမကောင်းပေ။
အရင်လို တစ်နေကုန် ငယ့်အနားမှ ကပ်မနေဘဲ ငယ်နှင့်စကားပြောပြီးသည်နှင့် အလောတကြီးထွက်သွားသော ကိုကိုက အခုပျောက်နေသည့်ကိစ္စနှင့်များ သက်ဆိုင်နေလေမလား။
မဟုတ်ရင်တောင် ပုံမှန်ဆို ငယ့်ဆီ စာခဏခဏပို့တတ်တဲ့လူက အခုထိ စာတစ်ကြောင်းပို့မလာသေးတာမလို့ ငယ်မျှော်နေမိသေးတာ။
"ညီမ"
"ရှင်"
ဟိုဘက်က အစ်ကိုလှမ်းခေါ်မှ ငယ်လေး အတွေးလွန်နေရာက သတိပြန်ဝင်သည်။
"ညီမဆီဆက်သွယ်ရင် အစ်ကို့ကိုတစ်ချက်ပြန်ပြောပေးပါဦး ညီမရယ်။ အစ်ကိုလည်းသူသွားတတ်တဲ့နေရာတွေလိုက်ရှာတာ စုံနေပြီ။ မနက်ဖြန် ခရီးထွက်ဖို့ရှိတာမလို့ ဒီနေ့ညအဆက်အသွယ်ပြန်ရမှဖြစ်မှာ"
"ဟုတ် အစ်ကို၊ ငယ်တစ်ချက်ဆက်သွယ်ကြည့်လိုက်ပါ့မယ်"
"ကျေးဇူးပါ ညီမရာ။ ဒါဆို အစ်ကိုဖုန်းချတော့မယ်"
"ဟုတ်ကဲ့"
ဖုန်းချသွားတယ်ဆိုရင်ပဲ ငယ် Screen ပေါ်ရှိ ကိန်းဂဏန်းတချို့ကိုကြည့်လိုက်တော့ 6:12 ဆိုသည့် နံပါတ်များကြောင့် သက်ပြင်းခပ်ဖွဖွချလိုက်၏။
ငယ်ဆက်သွယ်ကြည့်ရင်ကောင်းမလား။ ငယ် ကိုယ့်ဘက်ကစပြီးမဆက်သွယ်ဖြစ်တာ ဟိုတစ်ခါ ကိုကို ရိုက်ကွင်းမှာ မတော်တဆဖြစ်ပြီးနောက်ပိုင်းထဲကပင်။
သူ့ဘက်ကစ ဆက်သွယ်မှ၊ ကိုယ့်ဘက်ကဆက်သွယ်မှ အစရှိသဖြင့် အတွေးမျိုး ငယ့်မှာမရှိသော်ငြား အခုချိန်မှာတော့ ငယ့်ဘက်ကစမဆက်သွယ်တာကြာပြီမလို့ တွန့်ဆုတ်နေမိသည်။
YOU ARE READING
သခင်ကြင်လျှင် ပန်တော်မူ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆)
Romanceမြွေက သွေးအေး သတ္တဝါလို့ပြောရင် ခင်ဗျားပုံပြပြီးငြင်းခဲ့ရဦးမယ်။ တကယ်ပဲ ကိုယ့်ချစ်သူအပေါ် သွေးအေးချက်က လက်လန်တယ် (Normal ကနေ Version ပြောင်း၊ အခန်းသစ်ထပ်ထည့်ပြီးရေးထားတာမလို့ အဆင်ပြေမှဖတ်ပေးပါနော်)