7 (Unicode)

23.5K 1.7K 22
                                    

❀သခင်ကြင်လျှင် ပန်တော်မူ❀  အခန်း(၇)
~~~~~~~~~~~~~~~~~~~~~~~~~
"မင်း..လေဟုန်ခွင်း!"

"ကိုယ့်အသံကို မှတ်မိနေသေးတာပဲ"

ခနဲ့တဲ့တဲ့အသံကြောင့် ခေါင်ရန်း အံကိုတင်းတင်းကြိတ်ထားမိသည်။ စိတ်အလျောက် ပြန်ပြောလိုက်ချင်ပေမဲ့လည်း မေမေတို့သိသွားမှာလည်း စိုးရတာကြောင့် စိတ်ကို တတ်နိုင်သမျှလျော့ကာ

"မင်း ဘာကိစ္စနဲ့ ငါ့ဆီဖုန်းဆက်တာလဲဆိုတာ ငါမသိဘူး၊ အေး သိလည်း မသိချင်ဘူး။ နောက် ဘယ်တော့မှ မဆက်သွယ်နဲ့"

ခေါင်ရန်း ကိုယ့်ဘက်ကပဲ ဦးအောင်ဖုန်းချပစ်လိုက်သည်။ ဒေါသကြောင့် ရင်အစုံဟာ နိမ့်ချည်မြင့်ချည်နှင့်။ သူက ဘာလို့အခုမှ ခေါင်ရန်းကို ဆက်သွယ်လာရသလဲ။

သူနဲ့ ခေါင်ရန်း ဇာတ်လမ်းက လွန်ခဲ့တဲ့ နှစ်‌တွေကတည်းက ပြီးပြီးသားလေ။ ဘာလဲ သူသတ်ခဲ့တဲ့သူကို သေလားရှင်လား ပြန်လာကြည့်တာလား။

ဘယ်လိုပဲ သံယောဇဉ်ကုန်ပြီ ပြောပြော၊ အချစ်ဦးဖြစ်ခဲ့တာမို့ တစ်ချို့အရာတွေ ရင်ထဲကျန်နေခဲ့သေးသည်။ အရင်အချိန်တွေခေါင်းထဲပေါ်လာတာသည့်အခါ ဒေါသကြောင့်လား ခံပြင်းမှု့ကြောင့်လား မသဲကွဲတဲ့ မျက်ရည်တွေက ခေါင်ရန်း ပါးပြင်ပေါ် အလုအယက်ပြိုဆင်းလာသည်။ သေချာတာက ချစ်တဲ့စိတ်ကြောင့်တော့မဟုတ်ပါလေ။

မလုံမလဲနှင့် မျက်စောင်းထိုးခုံမှာရှိနေသည့် မေမေတို့ကို လှမ်းကြည့်တော့ အိပ်မောကျနေကြသည်မို့ ခေါင်ရန်း မျက်ရည်‌တွေကို ဖိသုတ်ပစ်လိုက်သည်။ ဒီလူနဲ့ပတ်သတ်ရင် လူက မျက်ရည်လွယ်နေတုန်း..။

ဘယ်လောက်ပဲ ကြာသွားပါစေ ဒဏ်ရာက ဒဏ်ရာပဲမို့ အနည်းနဲ့ အများတော့ နာကျင်မိနေဆဲ။
~•~•~•~•~•~•~•~•~•~•~
"သခင် ဒီကိုလာဦး"

သူ အပေါ်ထပ်တက်လာသည် ဆိုရင်ပဲ မာမီကခေါ်တာကြောင့် အနားသို့သွားလိုက်တော့ အဘွားကပဲ ဦးစွာဖြင့်

"မြေး ဒီတလော သတင်းတွေထွက်တာတွေက ဘယ်လိုဖြစ်တာလဲ၊ အဘွားကိုပြောပါဦး"

"ဘာမှမဟုတ်ပါဘူး အဘွားရယ်။ ဒီအတိုင်းပဲ ကောလဟာလတွေပါ"

"ကောလဟာလတွေဆိုတာတော့ မင်းပြောမှလား သခင်၊ အဲ့လိုတွေ ထွက်ရတဲ့အထိ မင်းဘယ်လိုတောင် အနေအထိုင်မဆင်ခြင်လို့လဲ။ မင်းရဲ့ အပြုအမူတွေက မင်းအတွက်တင်မဟုတ်ဘဲ ကုမ္ပဏီကိုပါ ထိခိုက်တယ်ဆိုတာ သိတယ်နော်"

သခင်ကြင်လျှင် ပန်တော်မူ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆)Where stories live. Discover now