29 (Unicode)

22.4K 1.4K 26
                                    

❀သခင်ကြင်လျှင် ပန်တော်မူ❀   အခန်း(၂၉)
~~~~~~~~~~~~~~~~~~~~~~~~~
ရှုတင်နားရက်ဖြစ်တာကြောင့် ခွင်း အမေရှိရာအိမ်သို့ပြန်လာခဲ့သည်။ အရင်ကဆို အမေနှင့်အမြဲအတူနေကြဖြစ်သော်လည်း ဟိုတစ်ခါ လက်ရုံးကိစ္စနှင့် အဖေသူ့ကိုလာစွပ်စွဲပြီးကတည်းက စိတ်ဆိုးပြီး အပြင်မှာ ထွက်နေခဲ့တာ အခုထိပင်။

အစကတော့ အမေတစ်ယောက်ထဲမို့ စိတ်မချပေမဲ့လည်း အမေကိုယ်တိုင်ကကို သူ့ကို ခွင့်ပြုပေးသည်မို့ တစ်ယောက်ထဲသီးသန့်နေဖြစ်ခြင်းသာ။ သို့သော် တစ်ပတ်တစ်ခါ၊ တစ်ခါတလေ နှစ်ပတ်တစ်ခါတော့ အိမ်ပြန်လာတတ်ပါသည်။

အခုလည်း စိတ်က တအားပင်ပန်းနွမ်းနယ်နေလို့ အိမ်ကိုပြန်လာခဲ့ခြင်းသာ။ တိုက်ခန်းမှာဆို နေရာတကာ ငယ့်အရိပ်တွေပဲရှိနေတာမို့ အဆင်မပြေ။

"အမေ သားလာတယ်"

အိမ်တံခါးမကြီးကို ဖွင့်ရင်း အသံပေးပြီး ဝင်လာကာ ဖိနပ်ကို ဖိနပ်စင်ပေါ်တင်လိုက်၏။ သို့သော် သူ့အသံကို ကြားပုံမရသည့် အမေက တီ‌ဗွီကိုသာ ကြည့်မြဲကြည့်နေသည်။

ထို့ကြောင့် အမေ့အနားသွားရန်ပင်လိုက်သော်လည်း သူ့အခန်းထဲက ထွက်လာသော လူကြောင့် အကြည့်က ထိုသို့ရောက်သွား၏။

"သား..."

မထင်မှတ်သူကိုတွေ့လိုက်ရသည်မို့ ခွင်းရုတ်တရက် အံ့ဩသွားပေမဲ့ အကြည့်လွှဲလိုက်၏။ အမေကလည်း အခုမှ သူလာသည်ကို သိပုံရကာ အနောက်လှည့်ကြည့်လာ၏။

"ဟယ် သား၊ အမေ့ကို ဖုန်းတောင်ကြိုမဆက်ဘူး"

"ဟုတ်တယ် အမေ၊ ဒီနေ့ရှုတင်ပျက်သွားတာနဲ့ တစ်ခါထဲဝင်လာလိုက်တာ"

အမေက ပြောပြောဆိုဆိုဖြင့် သူ့အနားရောက်လာတာမို့ သူလည်းအလိုက်အထိုက်ပဲ ပြန်ပြောလိုက်၏။ အဖေ့ကိုတော့ စကားပြန်မပြောချင်ပါ။ အမေကလည်း ဒါကိုရိပ်မိပုံရတာမို့

"သားမရှိတော့ထဲက သားအဖေက အိမ်ပြန်လာနေတာ"

အဲ့ဒါ‌ကြောင့် အမေက သူ့ကို စိတ်ချလက်ချအပြင်မှာ နေလို့ရသည်ဟုပြောမှန်း အခုမှ သတိထားမိသည်။

"ဪ..."

သာမန်ရိုးကျတုံ့ပြန်မှုကိုသာ ပြုလုပ်ရင်း ဘာကြောင့်အဖေလာနေတာကို သူ့ကိုမပြောတာလဲဟု အမေ့ကိုလည်း မမေးဖြစ်တော့။ အရင်လိုဆို ဒီမှာပြန်လာနေတဲ့အဖေ့ကို ဝမ်းသာ အားရကြိုဆိုမိမှာ မှန်ပေမဲ့ အခုတော့ အဲ့လိုမဟုတ်တော့ချေ။

သခင်ကြင်လျှင် ပန်တော်မူ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆)Where stories live. Discover now