Kyuu Kyuu's Note

7K 360 26
                                    

Hi ကြူးပါ
ပြောစရာလေး အလစ်တဲရှိလို့ပါ အဆုံးထိဖတ်ပေးတဲ့လူတွေကို အာဘွားပေးပါမယ်😚

📌ပထမဆုံးပြောချင်တာ ဒီရုံးရုံးတို့က Normal ကနေ အခြေပြုပြီး ပြောင်းရေးထားတာမလို့ ခေါင်ရန်းညိုကို မိန်းကလေး vibe ရမှာကို သေအောင်ကြောက်မိပါတယ်။ ဒါကြောင့်သတိထားရေးပါတယ်။

📌နောက်တစ်ခုက  ကြူးရဲ့ အားနည်းချက်ပါ။ ကြူးက နှစ်တွေတွက်တဲ့နေရာမှာ အူကြောင်ကြောင်နိုင်ပါတယ်။ ကိုယ့်ဘာသာလည်လည်နေတဲ့အမျိုးပါ😆

(ငယ်လေးအသက်ကိုထည့်တဲ့နေရာမှားသွားပါတယ်။ အဲ့ဒါလေးလည်း စာဖတ်သူထောက်ပြမှသိတာပါ။ ပြင်ပါ့မယ်)

(Edit ပြင်ပြီးပါပြီ)

📌အရေးကြီးတာလေးပါ။ ပိစိလေးတွေနဲ့ Rated ပါမယ်ဆိုပြီးပြောခဲ့တာလေးပါ။

Rated က ကြူးလည်းတစ်ခါမှ မရေးဖူးတာဖြစ်တဲ့အပြင် အခုဖြစ်နေတဲ့အခြေအနေအရ မထည့်လိုက်တာ အဆင်ပြေမယ်ထင်လို့ဖြုတ်လိုက်တာပါ။ ထည့်လည်း နောက်ဆုံးခန်းတစ်ခုပဲပါမှာပါ။

ပိစိလေးတွေက လာမှာပါ။ Extra မှာပါမှာပါ။ အမျိသားကိုယ်ဝန်ဆောင်တာကို သဘောမကျတဲ့လူတွေလည်းဖတ်လို့အဆင်ပြေအောင် ဒီမှာဇာတ်သိမ်းလိုက်တာပါ။

ကြူးလည်း အပိုင်းရှည်နေပြီလို့ ခံစားရလို့ပါ🤧
ဒီလောက်အရှည်တစ်ခါမှမရေးဖူးပါဘူး။

Extra က မရှိဘူးဆိုရင်တောင် ဆယ်ပိုင်းနဲ့အထက်ပါပဲ။ ဒါမဲ့ Extra ဖြစ်သွားပြီဆိုတော့ Up တော့ကြာပါမယ်။

📌နောက်တစ်ခုက ဒါက ကြူးစိတ်ကူးယဉ်ပြီးဖန်တီးထားတာမလို့ တချို့နေရာလေးတွေမှာ ဖတ်ရတာအဆင်မပြေဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ပေါတောတောဖြစ်သွားတာမျိုးလေးရှိရင်လည်း တောင်းပန်ပါတယ်။

📌 နောက်ဆုံးတစ်ခုကတော့ မောင့်ကို ပျော့တယ်ဆိုတဲ့ ကိစ္စပါ။ ကျန်တာတွေဆို Reply လိုက်ပြန်ပေမဲ့ ဇာတ်ကောင်နဲ့ပတ်သတ်တဲ့ စိတ်ခံစားချက်မျိုးကြရင် ကြူးကမပြန်ပါဘူး။

ကြူးရှင်းပြလို့ ဒါက ဒါဆိုတာကြီးမြင်သွားမဲ့အစား ဖတ်ရင်းနဲ့နားလည်သွားတာမျိုးလေး လိုချင်လို့ပါ

ရုံးရုံးစိတ်ကို ပေါင်ပေါင်းဆေးရုံတက်နေရတဲ့အချိန်မှာ မြင်အောင်ပြခဲ့ပြီလို့ထင်တာပါပဲ။ အဲ့အထိကိုမှ မောင်ဟာ ပျော့ပါသေးတယ်ဆိုရင်တော့ ကြူးလိုအပ်ချက်ပါပဲ။

📌အပေါ်မှာပြောခဲ့သလို ကြူးဖန်တီးထားတာမှာ လိုအပ်ချက်လေးတွေများတယ်ပေါ့နော်။ အဲ့တော့ ဖြည့်စွက်ပြီးဖတ်ပေးကြဖို့တောင်းဆိုပါတယ်။ မျက်နှာလည်းပူပါတယ်🤧 အမှားပေါင်းသောင်းခြောက်ထောင်နဲ့မလို့ အားလည်းနာပါတယ်

22 January 2022 မှစခဲ့တာလေးက 24 April 2022 မှာပြီးသွားခဲ့ပါပြီ။ အစအဆုံးလိုက်ပါပေးခဲ့တဲ့သူတွေကိုကျေးဇူးတင်ပါတယ်နော်

Silent readers တွေလည်း Final  မှာတော့ တစ်ခုခုပြောခဲ့ကြပါဦးလို့ ငိုမှာနော်😭

📌ရုံးရုံးထဲက အမှတ်အရဆုံးအခန်းလေးဖြစ်ဖြစ်ပြောခဲ့ကြရင် ပိုကောင်းမှာ။

1 May 2022 ကျရင် မောင့်မျက်သွယ်လေးနဲ့အတူပြန်လာခဲ့ပါ့မယ်။

Ongoing တုန်းက meme ပေါင်းသောင်းခြောက်ထောင်နဲ့ဈေးဗန်းခင်းပေမဲ့ Complete သွားရော ဈေးဗန်းမခင်းတတ်တော့လို့လုပ်ပါဦး😆

ဪ့ ကြူး fb acc က Kyuu Kuu ပါနော်။ wall ထဲဝင်ကြည့်ရင် Fake acc လို့ထင်ခံရမှာပါ ပို့စ်လေး သုံးလေးခုပဲရှိလို့ပါ😆

သခင်ကြင်လျှင် ပန်တော်မူ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆)Where stories live. Discover now