🛑စိုးရိမ်တာတွေကို နားလည်ပါတယ်။ ကြူးကို မယုံရင်တောင် ရုံးရုံးကိုယုံနော်
(အခုတင်ပေးတဲ့ အပိုင်းတွေက ရေးပြီးသားတွေမလို့ Up မှန်နေတာပါ။ နောက်ပိုင်းကတော့ Up ကြာမှာပါ။ မနက်ဖြန်လည်း Testရှိလို့ စာတင်ဖြစ်မတင်ဖြစ်မသေချာပါဘူးနော်။ Note ကိုအောက်မှာ ထည့်ရင် မဖတ်ကြမှာဆိုးလို့။ 😒)
အန်တီပြောလိုက်သည့် စကားကြောင့် ခေါင်ရန်းတည်ငြိမ်ယောင်ပင်မဆောင်နိုင်ဘဲ အထိတ်ထိတ်အပျာပျာဖြစ်သွားရ၏။ အန်တီက ဒီအမျိုးသမီးကို ရိုးရိုးခေါ်လာတယ်လို့ပဲ ခေါင်ရန်းထင်ထားမိတာ။
"အဲ့လိုအဲ့လောက်ထိ လန့်သွားရတာလဲ၊ ဒီကိစ္စကို အန်တီအစထဲက မင်းကိုပြောထားပြီးသားပဲ ဥစ္စာ၊ မင်းလည်းလက်ခံခဲ့တာပဲလေ"
အန်တီစကားတွေက မှန်တာမလို့ ခေါင်ရန်း ဘာလုပ်ရမှန်းမသိဘဲ လက်ချောင်းတွေကို အချင်းချင်းကုတ်ခြစ်နေမိသည်။ မောင်နဲ့လက်မထပ်ခင် ဆေးရုံကို အန်တီရောက်လာကတည်းက ဒီကိစ္စက အစပြုခဲ့တာပင်။
မောင်က လက်ထပ်ဖို့ပြောခဲ့တုန်းက အန်တီနဲ့ ခေါင်ရန်းနှစ်ယောက်ထဲပြောခဲ့ကြတာ ဒီအကြောင်းဖြစ်၏။
မောင်က တစ်ဦးတည်းသောသားမလို့ ခေါင်ရန်းနှင့်ယူလိုက်သည့်အခါ မျိုးဆက်ပြတ်သွားမှာ အသေအချာပင်။ မဖြစ်မနေ မောင်နှင့် ခေါင်ရန်းကို သဘောတူရမယ်ဆိုရင်တောင် ခေါင်ရန်းက မျိုးဆက်ကိုရအောင်ယူပေးရမယ်တဲ့လေ။ အဲ့လိုမှမဟုတ်ရင် သဘောမတူနိုင်ပါဘူးတဲ့...။
ခေါင်ရန်းက ယောကျာ်းလေးတစ်ယောက်ဖြစ်တာမလို့ မတတ်နိုင်ဟုဆိုခဲ့တုန်းက သူ့နည်းသူ့ဟန်နှင့်ဖြစ်အောင်လုပ်မယ်ဆိုပြီး မောင့်မာမီကပြောခဲ့တာပင်။ သူ့ဘာသာလုပ်မယ်ဆိုတာက အခု ဒီနည်းလမ်းနဲ့တဲ့လား။
မောင်က ဘယ်လိုပဲတဇွတ်ထိုးဆန်ပါစေဦး၊ မောင်ဟာ မောင့်မာမီ၏ လောင်းရိပ်ကအလုံးစုံလွတ်မြောက်သေးတာမဟုတ်။ မောင့်မာမီမှာက ဘယ်အရာမဆိုလုပ်ပစ်လိုက်နိုင်သည့် ငွေကြေးချမ်းသာမှုနှင့် အရှိန်အဝါရှိသည်လေ။
အရာရာကိုခေါင်းအေးအေးထားနိုင်သည့် ခေါင်ရန်းသည် မောင်နဲ့ပတ်သတ်လာသည့်အခါ အရာရာကိုဆင်ခြင်နိုင်စွမ်းမရှိတော့။
YOU ARE READING
သခင်ကြင်လျှင် ပန်တော်မူ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆)
Romanceမြွေက သွေးအေး သတ္တဝါလို့ပြောရင် ခင်ဗျားပုံပြပြီးငြင်းခဲ့ရဦးမယ်။ တကယ်ပဲ ကိုယ့်ချစ်သူအပေါ် သွေးအေးချက်က လက်လန်တယ် (Normal ကနေ Version ပြောင်း၊ အခန်းသစ်ထပ်ထည့်ပြီးရေးထားတာမလို့ အဆင်ပြေမှဖတ်ပေးပါနော်)
