23 (Unicode)

20.4K 1.6K 36
                                    

❀သခင်ကြင်လျှင် ပန်တော်မူ❀  အခန်း(၂၃)
~~~~~~~~~~~~~~~~~~~~~~~~~
"အစ်မ နီစုံစမ်းခိုင်းတာ အခုထိမရသေးဘူးလား၊ အစ်မကသာ စုံစမ်းလို့မရသေးတာ ဟိုမှာလက်ရုံးသခင်က လက်ထပ်ခွင့်တောင်တောင်းနေပြီ.."

နီတစ်ယောက် လက်ရုံးသခင်၏ ချစ်သူအကြောင်း စုံစမ်းခိုင်းတာကြာနေပေမဲ့လည်း အခုထိ အစအနမရသည့်အပြင် အခု လက်ထပ်ခွင့်ပါတောင်းနေပြီဆိုတာကြောင့် ဒေါသတွေက ထိန်းမရတော့ပေ။

"နီရယ် အစ်မလည်း စုံစမ်းပေမဲ့..."

"အစ်မကစုံစမ်းနေတယ်သာပြောတာ နီ့ဆီဘာအကြောင်းမှလဲ လာမပြောဘူး၊ တကယ်ပဲ ဘာမှအသုံးမကျဘူး"

နီပြောသင့် မပြောသင့်ဆိုသည့် စကားတွေကို ဂရုမစိုက်တော့ဘဲ ပြောချလိုက်၏။ မနေ့ညကတည်းက လှမ်းပြီး ပြောချင်ပေမဲ့လည်း ည၁၂နာရီကျော်ပြီမို့ အောင့်အီးကာ အခုနိုးနိုးချင်း ဖုန်းဆက်ခြင်းပင်။

"အစ်မ ဒီနေ့တော့ မဖြစ်ဖြစ်အောင် စုံစမ်းပေးပါ့မယ်"

"အစ်မစကားကို အစ်မမှတ်ထားနော်၊ ဒီနေ့မှ မသိရရင် နီ့အဆိုးမဆိုနဲ့"

"အင်းပါ အစ်မ ကြိုးစားပါ့မယ်"

"အစ်မက ကြိုးစားပါ့မယ်လုပ်နေ၊ ဟိုက Public ချပြမှ နီသိရမှာလား မသိဘူး...ဒါပဲ ဒါပဲ ဒီနေ့ အမှီသိချင်တယ်"

သူမ ဖြစ်ချင်သည်များကို ပြောရင်း ဖုန်းချလိုက်ပေမဲ့ စိတ်ထဲတစ်ခုခုက သံသယဖြစ်စရာကောင်းတာမို့ ခဏငြိမ်နေမိသည်။

"Publicချပြရင် ပြလို့ရနေပြီကို သူကဘာလို့အခုထိမချပြသေးတာလဲ...၊ သူ့ချစ်သူက တစ်ခုခုများပြစ်ချက်ရှိလို့လား....အဲ့လိုမှ မဟုတ်ရင်..."

သူမတွေးနေရင်းကနေ ခေါင်းထဲရောက်လာသည့် အတွေးကြောင့် ဖုန်းနံပါတ်တစ်ခုကိုလှမ်း‌ခေါ်လိုက်သည်။

"Hello...နီ့ကိုတစ်ခုကူညီလို့ရမလား...၊ နီ့ကို ကူညီတယ်ဆိုတာထက် ရှင့်အတွက်သတင်းတစ်ပုဒ်ရတာပေါ့...စိတ်ဝင်စားရဲ့လား"

လောလောဆယ် သူ့ချစ်သူအကြောင်း မသိရသေးဘူးဆိုတာထက် သူ Public ချမပြသေးတာက နီ့အတွက် အခွင့်ကောင်းပဲ မဟုတ်လား။

သခင်ကြင်လျှင် ပန်တော်မူ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆)Where stories live. Discover now