15 (Unicode)

26.1K 1.7K 67
                                    

❀သခင်ကြင်လျှင် ပန်တော်မူ❀ အခန်း(၁၅)
~~~~~~~~~~~~~~~~~~~~~~~~~
ညက သူနဲ့ ဖုန်း‌ပြောရင်း အိပ်ရာဝင်နောက်ကြသွားတာမို့ ခေါင်ရန်း ဒီမနက်လည်း ထတာနောက်ကျသည်။ ဒါတောင် အသံတွေကြားလို့ နိုးလာတာပင်။ မေက ခေါင်ရန်းစားပွဲပေါ်က ဖိုင်တွေကိုလှန်လှောကာ ဘာတွေရှာနေသည်မသိ။

"မေ နင်ကလည်း ငါ့ကိုမနှိုးဘူး၊ အလုပ်နောက်ကျတော့မှာပဲ"

ခေါင်ရန်း ကမန်းကတန်း အိပ်ရာက ထတော့ မေက ပြူးကြည့်ကာ

"နင် ဒီနေ့ အလုပ်မသွားဘူး မဟုတ်ဘူးလား"

"ဟမ် ဘာလို့မသွားရမှာလဲ"

"ဒီနေ့ လက်ရုံးသခင်မွေးနေ့လေ၊ နင်တို့အပြင်သွားကြမှာ မဟုတ်ဘူးလား"

"ဟင် ဒီနေ့ သူ့မွေးနေ့လား"

ခေါင်ရန်း တအံ့တဩနဲ့ မေးတော့ မေကလည်း ကြောင်တောင်တောင်နဲ့ ပြန်ကြည့်ကာ

"အေးလေ"

"နင်ဘယ်လိုသိတာလဲ၊ ငါတောင် မသိဘူး"

"ဟဲ့ Facebook လေးဘာလေးလည်းဖွင့်ကြည့်ဦး၊ သူ့ Fan တွေ သူ့အတွက် မွေးနေ့ဆုတောင်းပေးထားတာတွေ ပွထနေတာပဲကို"

မေပြောမှ ခေါင်ရန်း ကုတင်ဘေးက ဖုန်းကိုယူပြီး ဖွင့်ကြည့်လိုက်ရသည်။ အရင်ဆုံးပေါ်လာတာက ငယ်လေးတင်ထားတဲ့ လက်ရုံးအတွက် Birthday wish Post ပင်။

ငယ်‌လေး Account က အခုဆို Follower တွေက နည်းနည်းနောနောမဟုတ်။ ငယ်လေးက အလှဓာတ်ပုံလေးတွေ တင်တာနှင့် စောင့်ကြည့်သူတွေက အပြည့်။ ငယ်လေး Post အောက်မှာလည်း ကောင်းတဲ့ မှတ်ချက်လေးတွေပဲရှိတာမို့ ခေါင်ရန်း စိတ်ချမ်းသာရသည်။

ငယ်လေးအကြောင်းတွေးတာနဲ့ လုပ်ရှိကိစ္စကိုမေ့သွားတာကြောင့် ခေါင်ရန်းပြန်ပြီးအာရုံစိုက်ရသေးတာ။

ဟုတ်ပါရဲ့ ဒီနေ့ သူ့မွေးနေ့ပဲ။ မနေ့ညကလည်း ဘာမှမပြောဘူး။

"ကဲ ခေါင်ရန်း၊ ငါသွား‌တော့မယ်၊ ငါ နင့်အတွက် ခွင့်တင်ပေးခဲ့မယ်"

"အွန်း..."

ခေါင်ရန်း မေ့ကိုသာ ပြန်ဖြေလိုက်ရပေမဲ့ ဘယ်ကစပြီး ဘယ်လိုလုပ်ပေးရမှန်းမသိ။ သူများတွေလိုပဲ သူ့ကို Facebook ပေါ်တင်ပြီး Birthday wish လုပ်ပေးရမလား။ ဒါမှမဟုတ် ဘာလုပ်ပေးရမှာလဲ...။ ခေါင်ရန်းတကယ်ပင် မတွေးတတ်တော့။

သခင်ကြင်လျှင် ပန်တော်မူ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆)Место, где живут истории. Откройте их для себя