10 ( Unicode)

30.7K 2K 59
                                    

❀သခင်ကြင်လျှင် ပန်တော်မူ❀  အခန်း(၁၀)
~~~~~~~~~~~~~~~~~~~~~~~~~
"နီလေး..ရေသောက်ဦး"

နီ ဆိုဖာပေါ်လှဲလိုက်တာနဲ့ နီ့မန်နေဂျာ အစ်မမျက်ခြယ်က ရေဘူးကမ်းပေးလာတာကြောင့် နီ ယူပြီးသောက်လိုက်၏။

"မောလိုက်တာ..၊ မနက်ဖြန်ရော အင်တာဗျူးရှိသေးလား "

"အင်း ရှိတယ် နီ၊ မနက်ဖြန် PB Skincare အတွက် ဓာတ်ပုံရှုတင်ရှိတယ်လည်းရှိတယ်။ အဲ့က အပြန်ကို အင်တာဗျုးဖြေဖို့ အစ်မချိန်းထားတယ်"

"ကျစ်...အဲ့အင်တာဗျူးတွေလည်း ဒီတစ်သက်ဖြေလို့ပြီးပါဦးမလားပဲ၊ တစ်ခါလာလည်း လက်ရုံးသခင်နဲ့ အကြောင်း..တစ်ခါလာလည်း ဒီအကြောင်းပဲ၊ အဲ့ကိစ္စကဖြေရှင်းထားပြီးပြီကို သူတို့ နားမလည်ကြဘူးလား မသိဘူး"

"ဪ နီလေးရယ်၊ အခု နီလေးကို လူတွေပိုစိတ်ဝင်စားနေကြတာ လက်ရုံးသခင်ကြောင့်ပဲမဟုတ်ဘူးလား"

အိတ်ထဲက တစ်စုံတစ်ခုကိုရှာရင်း ပြောနေသည့် အစ်မမျက်ခြယ်က နီ သူ့ကို စူးစူးစိုက်စိုက်ကြည့်နေသည်ကို သတိထားမိပုံမပေါ်။ နီ အံကြိတ်လိုက်ကာ လက်ထဲက ရေဗူးကို ဆောင့်ချလိုက်ပြီး

"အစ်မပြောချင်တာက နီက အစက မအောင်မြင်ဘူး၊ လက်ရုံးသခင်ကြောင့်အောင်မြင်လာတာလို့ ပြောချင်တာလား"

မာမာထန်ထန်နဲ့ ထွက်ပေါ်လာသည့် အသံကြောင့် မျက်ခြယ် ကပျာကယာပင်..

"အို... မဟုတ်တာဘဲ နီလေးရယ်၊ အစ်မပြောတာ အဲ့လိုမဟုတ်ပါဘူး၊ အစ်မပြောချင်တာက နီလေးက အစထဲက အောင်မြင်တာ ဒါပေမဲ့ လက်ရုံးသခင်နဲ့ တွဲလိုက်တော့ ပိုပြီး ကျော်ကြားလာတာ အဲ့ဒါကိုပြောတာပါ..အဟင်း..."

"အစ်မ စကားကို သတိထားပြောလေ၊ နီနဲ့ သူက တွဲတယ်ဆိုတာ တရား၀င်ချပြထားတာမှ မဟုတ်တာ၊ နောက်ပြီး နီက သူနဲ့ ဘာမှမပတ်သတ်ဘူးလို့ အကုန်ငြင်းထားတာ"

"ဟုတ်သား...၊ ဒါနဲ့ နီလေးဆီ လက်ရုံးသခင် ဖုန်းဆက်သေးလား"

"ဟွန့်..သူလား ဆက်မှာ၊ နီ့ အင်တာဗျူးကိုတွေ့ပြီး သူဒေါသထွက်နေမှာ ကျိန်းသေပဲ၊ သူလို မာနကို ကိုးကွယ်ထားတဲ့သူက အခုဆို နီ့ကို အမှုန့်ကြိတ်ပစ်ချင်နေမှာ၊ ဘာပဲပြောပြော နီပါ သူ့ကြောင့်ရောပြီး အဆဲမခံချင်ပါဘူး"

သခင်ကြင်လျှင် ပန်တော်မူ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆)Where stories live. Discover now