44 (Uni)

19K 1.1K 24
                                    

❀သခင်ကြင်လျှင် ပန်တော်မူ❀  အခန်း (၄၄)
~~~~~~~~~~~~~~~~~~~~~~~~~
လက်ရုံး အညိုလုံးလေးအိမ်သို့ကိုယ့်အိမ်ကိုယ့်ရာလိုဝင်သွားပြီးမှ ဧည့်ခန်းတွင်မျက်နှာစိမ်းမိန်းကလေးတစ်ယောက်ထိုင်နေသည်မလို့ ကိုယ်ရှိန်သတ်သွားသည်။ သို့သော် ထိုမိန်းကလေးကတော့ သူ့ကိုမြင်သည်နှင့် ပြုံးဖြီးကာ

"အစ်ကို ဒီမှာခဏစောင့်နော်၊ ယုမေ ကိုကြီးကိုသွားခေါ်မယ်"

လက်ရုံးယောင်နနနှင့်ပင် ခေါင်းညိတ်လိုက်ကာ ခုံမှာဝင်ထိုင်လိုက်၏။ ယုမေဆိုတော့မှ သတိရသည်၊ အညိုလုံးလေး ဦးလေးရဲ့သမီးဆိုတာနေလိမ့်မည်။ ဟိုအပတ်က အညိုလုံးလေးနှင့်အတူ ကလောကပါလာသည့် ယုမေလွင်ဆိုသည့် ကလေးမဖြစ်ဖို့များပါသည်။

"ပေါင်ပေါင်း"

"အေး ငါလည်း အခုပဲဆင်းလာတော့မလို့၊ သွားကြတော့မလို့လား"

"အင်း သွားမယ်လေ၊ ပေါင်ပေါင်းအဆင်သင့်ဖြစ်ပြီမဟုတ်လား"

"အွန်း"

"ပေါင်ပေါင်းမေမေရော"

"မေမေကထုံးစံအတိုင်းအပေါ်မှာပဲလေ။ ဪ ခုနက ယုမေလေ၊ ငါပြောတဲ့ ငါ့ညီမဝမ်းကွဲဆိုတာ"

"အင်း ငယ်လေးနဲ့ရွယ်တူပဲလား"

"ဟုတ်တယ်..လာလေ၊ နောက်ကျနေဦးမယ်"

ခေါင်ရန်းက ဦးဆောင်ကာ အိမ်ထဲကထွက်လာပြီးနောက် မောင့်ကားမောင်းထွက်ပြီး သိပ်မကြာဘဲ ကားကိုအနောက်သို့လှည့်ကြည့် လှည့်ကြည့်လိုက်နေတာမလို့

"ပေါင်ပေါင်း ဘာဖြစ်လို့လဲ"

"ဟင် ဘာမှမဖြစ်ပါဘူး"

ဒီရက်ပိုင်းခေါင်ရန်းအနောက်ကို လူတစ်ယောက်လိုက်နေသလိုမျိုးခံစားနေရသည်။ ကိုယ်ထင်လို့ပဲလားတော့မသိ။ မေနှင့်သွားသည့်အခါမျိုးတွင်တော့ လုံခြုံသလိုခံစားရတာမလို့ မေနှင့်သာအတူသွားအတူပြန်ဖြစ်သည်။ အခုလည်း စိတ်ထဲတစ်မျိုးဖြစ်နေတာမလို့ လှည့်ကြည့်လိုက်ခြင်းပင်။ မသေချာမရေရာနဲ့ မောင့်ကိုစိတ်ပူအောင်မလုပ်ချင်တာမလို့ ခေါင်းသာခါရမ်းလိုက်၏။

သိပ်မကြာခင်မှာပဲ မောင်နှင့်အတူရိုက်ကွင်းလုပ်မည့်အဆောက်အအုံရှေ့သို့ ရောက်လာ၏။ကားပါကင်ထိုးပြီးသည့်တိုင် မောင်က မဆင်းသေးဘဲ ခေါင်ရန်းလက်နှစ်ဖက်ကိုဆုတ်ကိုင်ကာ

သခင်ကြင်လျှင် ပန်တော်မူ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆)Where stories live. Discover now