18 (Unicode)

21.8K 1.4K 35
                                    

❀သခင်ကြင်လျှင် ပန်တော်မူ❀   အခန်း (၁၈)
~~~~~~~~~~~~~~~~~~~~~~~~~
"အား..."

မနက်စောစောစီးစီး အလန့်တကြားထအော်လိုက်သည့် ငယ်‌လေးကြောင့် အကုန်လုံးလှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်။

ဒီနေ့ မေက သူ့အိမ်သူ ပြန်တော့မှာဖြစ်တာကြောင့် ခေါင်ရန်း ပစ္စည်းတွေကူသိမ်းနေပေးခြင်းပင်။ အဝတ်အစားတွေကတော့ မနေ့ညက ငယ်လေးနှင့်မေ အတူသိမ်းပြီးသွားပေမဲ့ အလုပ်နဲ့ပတ်သတ်သည့် ဟာတွေကတော့ ခေါင်ရန်းအခန်းထဲမှာမလို့ပင်။

နှစ်ယောက်စလုံးနေ့တစ်ဝက်ခွင့်ပြီး အလုပ်ရှုပ်နေကြရင်းကနေ ငယ်‌လေးအသံကြောင့် ခေါင်ရန်းနဲ့မေရော၊  ဘုရားပန်းလဲနေသည့် မေမေပါ ကမန်းကတန်းဖြင့် ငယ်လေးအခန်းဆီသို့ရောက်သွား၏။

"ငယ်လေး ဘာဖြစ်တာလဲ"
"ဘာဖြစ်တာလဲ သမီးငယ်"

"ကိုကြီး ငယ်လေးကို ဆွဲဆိတ်ကြည့်ပါ"

"ဘာလို့လဲ"

"လုပ်ပါ ကိုကြီးရယ် အိပ်မက်ဟုတ်မဟုတ် သိချင်လို့"

ကြောင်တောင်တောင် ကျားတားတားလုပ်နေသည့် ငယ်လေးကြောင့် မေရော ခေါင်ရန်းပါ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိလိုက်သည်။ ဒီကလေးခေါင်းမကောင်းတော့ဘူးလား။

"ကိုကြီးရယ် ဆိတ်ကြည့်ပါဆို"

ငယ်လေး ကထပ်ပြောလာသည်မို့ မေမေကလည်း မနေသာတော့ဘဲ

"ဆိတ်ပေးလိုက်စမ်း သားကြီးရယ်၊ ဒီကလေးဘာဖြစ်နေလဲမသိဘူး"

ခေါင်ရန်း မေမေ့စကားကိုနာခံစွာဖြင့် လက်ကိုဆိတ်ဆွဲပေးတော့လည်း ထအော်သည်။

"အား...ဒါဆို အိပ်မက်မဟုတ်ဘူး၊ အိပ်မက်မဟုတ်ဘူးပဲ"

"ဘာဖြစ်‌နေတာလဲ ငယ်လေးရယ်၊ နင့်သာဘာ ရေရွတ်မနေဘဲ ငါတို့ကိုလည်းပြောပြပါဦး"

"ဒီမှာကြည့် ကိုကြီး"

ခေါင်ရန်းရှေ့ကို ဖုန်းထိုးပေးတာကြောင့် ဘာထူးဆန်းလို့လဲဆိုပြီး ကြည့်လိုက်ပေမဲ့ ခေါင်ရန်းပါ ငြိမ်ကျသွားရသည်။

"ဘာမို့လို့လဲ ခေါင်ရန်း"

မေကပြောလည်းပြောကာ ငယ်‌လေးလက်ထဲက ဖုန်းကိုယူရင်း မေမေနဲ့အတူကြည့်လိုက်တယ်ဆိုရင်ပဲ ခေါင်ရန်းနည်းတူဖြစ်သွား၏။

သခင်ကြင်လျှင် ပန်တော်မူ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆)Where stories live. Discover now