❀သခင်ကြင်လျှင် ပန်တော်မူ❀ အခန်း(၂၁)
~~~~~~~~~~~~~~~~~~~~~~~~~
လက်ရုံး ဖုန်းလည်းဆက်လို့မရတဲ့အပြင် ဘာမှ ကြံရာမရတော့အဆုံး တစ်ခုတည်းသော သတိရမိသည်က သူ့ဖုန်းနဲ့ အညိုလုံးလေးရဲ့ညီမဆီခေါ်ထားဖူးတယ်ဆိုတာပါပဲ။ အဲ့တုန်းက နံပါတ်ကို မဖျက်ပစ်ခဲ့ဘူးထင်ပါသည်။ဖုန်းအဝင်Callရှားပါးလှသည့် သူ့ဖုန်းထဲမှာ ထိုနေ့က နေ့စွဲနဲ့ ကိုက်ပြီးရှာတော့မှ နံပါတ်အစိမ်းတစ်ခုကိုတွေ့သည်။ ထိုနံပါတ်သည် အညိုလုံးလေးရဲ့ညီမနံပါတ်ပင်ဖြစ်ရမည်။
နာမည်ကို မနည်းပြန်စဉ်းစားပြီး မှတ်မိသည်နှင့် ဖုန်းကောက်ဆက်ရသည်။ တော်ပါသေးရဲ့ အဲ့ကလေးက ကိုယ့်ဘက်ကပါနေလို့၊ မဟုတ်ရင်တော့ မလွယ်ပေ။
ဘယ်လိုချော့ချော့ရမည့်ပုံမပေါ်သည့် အညိုလုံးလေးကို တမင်အရွဲ့တိုက်ကာ Live လွှင့်ပြီး ပြောမယ်ဟု ချိန်းခြောက်လိုက်ရသေးသည်။ သို့သော်လည်း မကြောက်တာမို့ လက်တွေ့လုပ်ပြရတော့မည်။ လက်တွေ့လုပ်ပြရလည်း ကိစ္စတော့မရှိ၊ သူက နဂိုထဲက ဒီကောင်လေးကသူ့အပိုင်လေးဆိုပြီးချပြချင်နေတာမဟုတ်လား။
Personal Phone ကို ဘေးချကာ Business Phone ဖြင့် Live လွှင့်လိုက်၏။
သူချစ်သူရနေပြီဟုပြောလိုက်တာနဲ့ ခုနကထက်ပိုများသော Comment တွေက တက်လာသည်။ အစကတော့ ပရိသတ်တွေနဲ့ ပြန်တွေ့ရတာမို့ မျက်နှာကို ပုံမှန်ထက် အနည်းငယ်လျော့ထားရသော်လည်း အခုချိန်ထိ အညိုလုံးလေးဘက်က ဖုန်းဆက်လာခြင်းမရှိတာကြောင့် မျက်နှာက ပြန်တင်းမာလာရသည်။
°°°OMG..တကယ်ကြီးလား°°°
°°°ဘုရားကို ကောင်လေးနဲ့သွားတဲ့ ကိစ္စကို ပြန်မဖြေရှင်းဘူးနော် တကယ်ကြီးလား😭°°°
°°°အစ်ကိုရေ အခုမှပြန်တွေ့ရလို့ပျော်တုန်းရှိသေးတာကို အဲ့လိုမနောက်ရဘူးလေ🥺°°°
°°°မဟုတ်ဘူးမှတ်လား စနေတာမှတ်လား😭😭°°°
°°°အသဲတွေကွဲပါ ပြီဟယ်😖°°°
°°°ဘယ်မင်းသမီးနဲ့လဲ😢°°°
°°°မဟုတ်ဘူးနော် မယုံဘူးလို့😭😭°°°အမျိးမျိုးသော Comment တွေကို သူအလုံးစုံမဖတ်နိုင်တော့ချေ။ ကိုယ်ပြောလိုသည့် လိုရင်းကိုပဲပြောဖို့ဦးတည်ရတော့သည်။
ESTÁS LEYENDO
သခင်ကြင်လျှင် ပန်တော်မူ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆)
Romanceမြွေက သွေးအေး သတ္တဝါလို့ပြောရင် ခင်ဗျားပုံပြပြီးငြင်းခဲ့ရဦးမယ်။ တကယ်ပဲ ကိုယ့်ချစ်သူအပေါ် သွေးအေးချက်က လက်လန်တယ် (Normal ကနေ Version ပြောင်း၊ အခန်းသစ်ထပ်ထည့်ပြီးရေးထားတာမလို့ အဆင်ပြေမှဖတ်ပေးပါနော်)