3 (Unicode)

29.4K 1.9K 72
                                    

❀သခင်ကြင်လျှင် ပန်တော်မူ❀  အခန်း (၃)
~~~~~~~~~~~~~~~~~~~~~~~~~
"အဖေ"

ရင်းနှီးနေသည့် ခေါ်သံကြောင့် အကုန်လုံး မော့ကြည့်လိုက်တော့ ခပ်တည်တည်မျက်နှာထားနှင့် ရပ်နေသည့် ခွင်း။ အဖေမှလွဲ၍ အကုန်လုံးမျက်နှာပျက်သွားကြသည်ကို ခွင်းသတိထားမိလိုက်၏။

ဒါကလည်း ဆန်းကြယ်သည့်ကိစ္စတော့မဟုတ်။ အဘွားအပါအဝင် အကုန်လုံးက လက်ရုံးသခင်ကိုပဲ သွေးသားလို့ သတ်မှတ်ထားကြသည်မဟုတ်လား။

"ဟေ သား ဒီကိုဘယ်လိုလုပ်ရောက်လာတာလဲ၊ သားအမေရော"

"အမေမပါဘူး အဖေ၊ သားပဲလာတာ.."

ခွင်းအဖေ့ကိုပြောနေရင်းက သူ့ကို ကြည့်မနေသည့် အဘွားဘက်လှည့်ကာ

"အဘွား နေကောင်းရဲ့လား"

"စကားပြော ဆင်ခြင်ပါ လေဟုန်ခွင်း၊ ဒီမှာ သတင်းထောက်တွေ အများကြီးရှိတယ်။ မင်း နဲ့ သခင့်အကြောင်းသိသွားလို့မဖြစ်ဘူး"

မေးခွန်းနှင့် လားလားမှမဆိုင်သည့် အဖြေပေးလိုက်သည့် အဘွားကြောင့် ခွင်းရင်ထဲဆစ်ခနဲ။

"ဟုတ်ကဲ့ ကျွန်တော် သတိထားပါ့မယ်
ခွင့်ပြုပါဦး"

ရင်ထဲက ဝမ်းနည်းစိတ်ရော သိမ်ငယ်စိတ်ပါပေါင်းပြီး သူ့မျက်နှာတစ်ပြင်လုံးနီရဲကာ ထိုနေရာက အားတင်းရင်း ထွက်လာလိုက်သည်။ မြေးချင်းအတူတူ သူက ဘာလို့ အနှိမ်ခံဖြစ်နေရတာလဲ။ ဘာကြောင့် လက်ရုံးကိုပဲ အလေးထားကြတာလဲ။

"သား.."

"ပြန်ထိုင်"

"မေမေ"

"ငါ မင်းကို ပြန်ထိုင်လို့ ပြောနေတယ်နော် မင်းမြတ်သခင်"

"ထိုင်လိုက်ပါ အစ်ကိုကြီးရယ်၊ မေမေသွေးတိုးနေလိမ့်မယ်"

ဦးမင်းမြတ်သခင် သားဖြစ်သူနောက် လိုက်သွားချင်ပေမဲ့လည်း အမေ့ကိုမလွန်ဆန်နိုင်သူဖြစ်ကာ ညီမကလည်းတားနေသည်မို့ ပြန်ထိုင်လိုက်ရ၏။ သို့သော်လည်း စိတ်တွေက သားဆီသာ ပါသွားသည်။

သား စိတ်မကောင်းအရမ်းဖြစ်နေတော့မှာ သူသိသည်။ မေမေ့တွင် ပန်းမြတ်သခင်နှင့် မင်းမြတ်သခင် ဆိုသည့် ‌သူတို့မောင်နှမ နှစ်ယောက်သာရှိပြီး မြေးချင်းအတူတူအမြဲခွဲခြားဆက်ဆံခံရသော ကိုယ့်သားအတွက်စိတ်မကောင်းချေ။

သခင်ကြင်လျှင် ပန်တော်မူ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆)Where stories live. Discover now