19 (Unicode)

28.1K 1.7K 76
                                    

❀သခင်ကြင်လျှင် ပန်တော်မူ❀  အခန်း(၁၉)
~~~~~~~~~~~~~~~~~~~~~~~~~
°°°ကုမ္ပဏီအောက်မှာရောက်နေပြီ°°°

ဖုန်းထဲရောက်လာသည့် စာတိုလေးကြောင့် ခေါင်ရန်းအလိုလိုပြုံးမိသွား၏။ မနေ့က ကုမ္ပဏီကိုလာပြီး တွေ့သွားတာကြောင့် ဝန်ထမ်းတွေကြားမှာ တိုးတိုးပြောနေကြပေမဲ့လည်း ခေါင်ရန်းရှေ့မှာတော့ပေါ်ပေါ်တင်တင်မပြောကြပေ။ ဒါကလည်း သူပြောသလို သူရဲ့အရှိန်အဝါကြောင့်ပဲဖြစ်ပါလိမ့်မည်။

ညက ကုမ္ပဏီကိုမလာဖို့ သူ့ကိုပြောထားတာမို့ ရုံးအပြန်လာကြိုခြင်းပင်။ တော်ပါသေးရဲ့ ဒီနေ့ မေ့အမေနေမကောင်းလို့ မေခွင့်ယူထားလို့၊ မဟုတ်ရင် သူလာကြိုတာကြောင့် မေ့ကိုအားနာရဦးမှာမလွဲပေ။

ကားတစ်ကားတစ်ဖက်ကိုဆွဲဖွင့်ကာ ဝင်လိုက်တယ်ဆိုရင်ပဲ သူက စီးကြိုကာပြုံးပြနေတာကြောင့်

"ဘာကြည့်နေတာလဲ၊ သွားမယ်လေ"

"အွန်း ခဏနေပါဦး၊ တစ်နေကုန်မတွေ့ရဘဲ ခုမှတွေ့ရတာ အလွမ်းပြေအောင်ကြည့်ပါရစေဦး"

"မင်းကတော့ ပိုလိုက်တာ"

"မပိုပါဘူး တကယ်လွမ်းတာပါဆို"

"ဟုတ်ပါပြီ၊ ကားမောင်းပါတော့.. မောင်းရင်းနဲ့လည်း ကြည့်နေကြပဲကို"

ခေါင်ရန်းစကားကြောင့် သူက နှုတ်ခမ်းဆူကာ ကားကိုစက်နှိုးလိုက်တာကြောင့် ခေါင်ရန်း ခေါင်းခါရင်းသာ ပြုံးလိုက်၏။

Ring>>>Ring>>>
ရုတ်တရက်ထမြည်လာသည့် သူ့ဖုန်းကြောင့် ခေါင်ရန်း ဘာရယ်မဟုတ်ဘဲ သူ့ဆီအကြည့်ပို့လိုက်၏။ သူကလည်း ဖုန်းကို တစ်ချက်မျှသာလှမ်းကြည့်ပြီး မကိုင်တာကြောင့် ခေါင်ရန်းမနေသာတော့။

"ကိုင်လိုက်လေ၊ တော်ကြာအရေးကြီးတဲ့ဖုန်းဖြစ်‌နေဦးမယ်"

"မကိုင်ချင်ပါဘူး၊ နံပါတ်စိမ်းကြီးကို..ပြီးတော့ အခုက ရုံးဆင်းပြီးပြီလေ ကိုယ်ပိုင်အချိန်မှာ အလုပ်အကြောင်းမပြောချင်ပါဘူး၊ ပြီးတော့ လက်မအားဘူး"

သူဆွဲကိုင်ထားသည့် ခေါင်ရန်းလက်တစ်ဖက်ကိုမြှောက်ပြရင်း ပြုံးစစဆိုလိုက်တာကြောင့် ခေါင်ရန်း ခပ်ဟဟရယ်လိုက်မိသည်။ အမြဲဆိုသလို ကားမောင်းတိုင်း ခေါင်ရန်းလက်တစ်ဖက်ကိုဆွဲကိုင်ထားတတ်သည့် သူ့အကျင့်တစ်မျိုးပင်။

သခင်ကြင်လျှင် ပန်တော်မူ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆)Where stories live. Discover now