14 (Unicode)

22.6K 1.7K 37
                                    

❀သခင်ကြင်လျှင် ပန်တော်မူ❀ အခန်း(၁၄)
~~~~~~~~~~~~~~~~~~~~~~~~~
"Hello ဝင့်ဝါ"

"အမယ်လေး မယ်တော်မ၊ ငါ့ဆီဖုန်းဆက်ဖို့ သတိရသေးတယ်ပေါ့"

"ဟီး နင်ကလည်း ငါမအားလို့ပါ"

"အေးပေါ့၊ နင်က သရုပ်ဆောင်မင်းသမီးလုပ်နေတာဆိုတော့ အရမ်းတွေမအားဘဲဖြစ်နေမှာပေါ့"

"ငါ့ကိုမရွဲ့ပါနဲ့ ဝင့်ဝါရယ်၊ အခုက ဦးလေးအိမ်မှာနေရတာဆိုတော့ ငါ့အိမ်မှာလိုအလုပ်မလုပ်လို့ မရဘူးလေ။ သူ့အိမ်အလုပ်လည်းကူပေးရသေးတယ်လေဟယ်"

"အေးပါ၊ နင်ဖုန်းဆက်တာ ဘာကိတ်လဲ"

"အွန်း ငါနင့်ကိုမေးစရာရှိလို့ဟ"

ငယ်လေး စကားအစပျိုးပြီးမှ ကိုယ့်ဘာသာရှက်နေပြီး လည်ပင်းကိုအကြောင်းမဲ့ပွတ်သပ်ကာ

"ဟိုလေ..ငါအခုတလောဟယ် လူတစ်ယောက်ကိုခဏခဏရင်ခုန်မိနေတယ်ဟ။ သူ့အကြည့်၊ သူ့အသံ အကုန်အစအဆုံးဟာ အကုန်လုံးသဘောကျနေမိတာ။ နောက်ပြီး သူ့ကိုအခုမတွေ့ရတော့ ရင်ထဲတစ်မျိုးကြီးပဲ"

"အဲ့ဒါဆို နင်သူ့ကိုချစ်နေလို့နေမှာပေါ့"

"ချစ်တယ်! ငါ အစ်ကို့ကိုချစ်သလိုမျိုးလား"

"ဟဲ့ ငတုံးမရယ်။ ငါတို့အစ်ကိုလက်ရုံးကိုချစ်တယ်ဆိုတာက အဲ့လိုမျိုးမဟုတ်ဘူးလေဟာ။ ဒီအတိုင်းပဲလေ သူ့ကိုအားပေးတယ်..သူ့ပျော်ရင်ပျော်တယ်။ သူကျရှုံးရင် ငါတို့လည်းဝမ်းနည်းတယ် အဲ့လိုမျိုးလေ၊ ဒါ‌ပေမဲ့ နင်အခုပြောနေတဲ့ ပုံအရဆို Idol ကို Fan တစ်ယောက်က ချစ်တဲ့ ပုံစံမျိုးမဟုတ်တော့ဘူးလေ။ ချစ်သူတစ်ယောက်ကို သဘောကျတဲ့ ပုံမျိုးဖြစ်နေပြီ"

"ဟုတ်လား"

"အွန်း၊ နေပါဦး နင်က အဲ့လိုမေးတယ်ဆိုတော့ ဟိုမှာကောင်လေးတွေ့နေလို့လား၊ ဟဲ့ ဓာတ်ပုံလေးဘာလေးပြပါဦးဟ"

"အင်း..တွေ့နေတယ်ပြောရမှာပေါ့ ဟီး၊ ဓာတ်ပုံကနောက်မှပြမယ်ဟာ၊ အဲ့လူကိုနင်လည်းသိတယ်"

"ဟမ် ငါလည်းသိတယ်၊ ကလောဘက်မှာ ငါ့အသိမရှိပါဘူး"

"အဲ့ကိစ္စနောက်ထားဦး၊ နင်က ရန်ကုန်မှာဆိုတော့ အစ်ကို့သတင်းရောဘာကြားသေးလဲ"

သခင်ကြင်လျှင် ပန်တော်မူ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆)Where stories live. Discover now