🛑ကျောင်းတက်နေတာလား လို့ မေးတာတွေ့လိုက်လို့..
ကြူးက ကျောင်းမတက်ပါဘူးနော်၊ Japan တက်နေတာပါ။ သင်တန်းကျောင်းနဲ့ အိမ်နဲ့ကဝေးလို့ အဲ့ကျောင်းမှာပဲ အဆောင်ပြန်နေနေတာပါ။ မယုံလို့ သင်တန်းနာမည်သိချင်တယ်ဆိုလည်း Message box လာလို့ရတယ်နော်။
Mon to Fri 9:00AM to 3:00 PM တက်ရတာပါ။ 6:00 PM to 10:00PM က စာကျက်ချိန်ပါ
Sat,Sunday ကလည်း Mon to Friday အချိန်အတိုင်းပဲ စာကျက်ရတာပါ
အချိန်က အဲ့လိုဖြစ်နေလို့ Up တွေမလုပ်နိုင်တာပါ၊ စာတောင်မနည်းလိုက်နေရလို့ပါ၊ ကျက်နေရင်းနဲ့ အချိန်ကမလောက်ဘူးဖြစ်နေလို့🥲
အဆောင်နေတာဆိုတော့ တစ်ကိုယ်ရည်ကိစ္စတွေကလည်း ကိုယ့်ဘာသာလုပ်ရတာဆိုတော့ပိုဆိုးလို့ပါ။ အိမ်နဲ့ကလည်း အခုမှ ခွဲထွက်ဖူးတာဆိုတော့ တော်တော်လေးချာလပတ်ရမ်းနေလို့😆
ဒီအပိုင်းကရေးထားတာအကုန်ပါပဲ၊ နောက်တစ်ပိုင်းကတော့ 15ရက်နေ့မှ တင်ပေးပါ့မယ်။
တစ်လကို နှစ်ပိုင်းလောက်ပဲတင်ပေးနိုင်ဖို့များပါတယ်🥲
နောက်ပြီး ကြူးရေးတာတွေကို Ongoing မလိုက်ပါနဲ့။ Update က ရှယ်ပလန်နဲ့ကိုကြာပါတယ်။
လိုက်ရင်တော့ ပလေးခံရမှာပါ😑
ပလေးခံပြီးလိုက်တဲ့လူတွေကိုတော့ အရမ်းချစ်ပါတယ်။ လိုချင်ရင် လူကိုလာယူပါ🤭15ရက်နေ့မှ ပြန်တွေ့ပါမယ်။ တစ်ရက်နှစ်ရက်နောက်ကျရင်လည်း ကြိုတောင်းပန်ထားပါတယ်။ စောရင်လည်းစောနိုင်ပါတယ်
~•~•~•~•~•~
"ဒီနေ့ ဘာစားမလဲ ကိုကို"ရင်ခွင်ထဲကနေ ဖုန်းသုံးရင်း ပြောလာသည့် ငယ့်ကြောင့် ခွင်းဖတ်လတ်စ ဇာတ်ညွှန်းကို အရှေ့ရှိခုံပေါ်တင်လိုက်၏။
ဇာတ်ညွှန်းဖတ်နေတာကို အတင်းပေါင်ပေါ်ခေါင်းအုံးအိပ်လာသည့် ငယ်က တကယ်အဆိုးလေး။ ကိုယ်က အလိုလိုက်မှန်းသိလို့ သိသိသာသာကို
ဆိုးလာတာ။"အမလေးဗျာ၊ လေသံကမသိရင် သူပဲမီးဖိုချောင်ဝင်ပြီး ချက်ကျွေးတော့မဲ့ ပုံနဲ့"
"ကိုကိုနော်! ငယ်မှမချက်တတ်တာကို။ မချက်တတ်ပေမဲ့ ကိုကိုစားချင်တာ မှာကျွေးမှာပေါ့။ ဒီနေ့ ငယ်ဝယ်ကျွေးမယ်၊ ငယ် အလုပ်တစ်ခုလက်ခံထားတာ မနေ့က စရံကြိုရထားတယ်"
YOU ARE READING
သခင်ကြင်လျှင် ပန်တော်မူ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆)
Romanceမြွေက သွေးအေး သတ္တဝါလို့ပြောရင် ခင်ဗျားပုံပြပြီးငြင်းခဲ့ရဦးမယ်။ တကယ်ပဲ ကိုယ့်ချစ်သူအပေါ် သွေးအေးချက်က လက်လန်တယ် (Normal ကနေ Version ပြောင်း၊ အခန်းသစ်ထပ်ထည့်ပြီးရေးထားတာမလို့ အဆင်ပြေမှဖတ်ပေးပါနော်)