Extra 10
မောင်ထွက်သွားတာနဲ့ ခေါင်ရန်းရင်ထဲဟာဆင်းသွားရသလို ကိုယ့်ကိုယ်ကိုယ်လည်း အပြစ်တင်မိသည်။ သူ့ဝသီကိုမထိန်းနိုင်လိုက်ပြန်ဘူး၊ နှုတ်ကြောင့်ပဲ လူချစ်လူခင်ပေါသလို နှုတ်ကြောင့်ပဲ လူမုန်းခံရတယ်တဲ့။ စိတ်မြန်လက်မြန်နဲ့ ကိုယ်ကတော့ ဒီအတိုင်းပြောလိုက်ပေမဲ့ တစ်ဖက်လူအတွက်ကတော့ တစ်မျိုးတမည်ဖြစ်သွားရတတ်သည်မလို့ နှုတ်စည်းဆိုတာ စောင့်ထိန်းသင့်သည့်အရာတစ်ခုပင်။
သို့သော် ခေါင်ရန်းကတော့ အခုထိ နှုတ်က မရည်ရွယ်ဘဲ ထွက်မိနေတုန်း။ ထွက်သွားသည့် မောင့်ကိုလည်း ပြန်လာဖို့မခေါ်ချင်၊ ခေါင်ရန်းကိုယ်တိုင်ကလည်း မငြိမ်သက်သည့် စိတ်အခြေအနေနဲ့မလို့ နှစ်ယောက်လုံး စကားမပြောဘဲ ခဏနေလိုက်တာက ကောင်းလိမ့်မည်။
ခြေထောက်ကလဲ သွေးပြန်ထွက်နေတာမလို့ ခေါင်ရန်း မောင်ပစ်ပေါက်ခဲ့သည့် ဆေးထုပ်ကိုပဲ ပြန်ကောက်ယူကာ ကုတင်ပေါ်ပြန်တက်လာလိုက်သည်။ အစာမရှိတာမလို့ ဆေးတော့ သောက်လို့မရ။ သို့သော် ဆေးထုပ်ထဲတွင် ပစ္စည်းအစုံအလင်ပါသည်မလို့ သွေးထွက်နေသည့်ပတ်တီးဟောင်းကိုလဲကာ အသစ်ပြန်စည်းလိုက်၏။
ထို့နောက်တွင်တော့ ဒဏ်ရာမရှိသည့်ဘက်ကိုပဲ အားပြုကာ အခန်းအပြင်သို့ ဖြည်းဖြည်းချင်းထွက်လာလိုက်၏။ အခန်းထဲက ထွက်လာသည်နှင့် ဟိုဟိုဒီဒီမျက်လုံးကစားကြည့်လိုက်တော့ အပေါ်ထပ်တွင် သီးသန့်ထားသည့် ဧည့်ခန်းတွင် ကြိုးဖုန်းတစ်လုံးကိုတွေ့လိုက်ရတာမလို့ ခေါင်ရန်းအားတက်သွားရ၏။
ခြေထောက်ကနာနေသည့်မလို့ ဟိုနားဒီနားလေးလမ်းလျှောက်ရတာတောင် လိုအပ်သည်ထက်ပိုပြီး အားစိုက်နေရတာမလို့ ခေါင်ရန်းမှာ အားမလိုအားမရဖြစ်၏။ ဖုန်းနားရောက်တာနှင့် ဖုန်းခွက်ကို ကိုင်ကာဘေးတွင်ရှိသည့် ခုံတွင်ထိုင်လိုက်၏။
အလွတ်ကျက်ထားသော မောင့်အိမ်ဖုန်းကိုလှမ်းခေါ်လိုက်၏။ မောင်ပြဿနာဖြစ်ခဲ့တဲ့အကြောင်းကို အိမ်က တစ်ယောက်ယောက်တော့သိမှာပင်။
"Hello အမိန့်ရှိပါရှင်"
"အသေးလေးလား။ ငါ ခေါင်ရန်းညို"
YOU ARE READING
သခင်ကြင်လျှင် ပန်တော်မူ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆)
Romanceမြွေက သွေးအေး သတ္တဝါလို့ပြောရင် ခင်ဗျားပုံပြပြီးငြင်းခဲ့ရဦးမယ်။ တကယ်ပဲ ကိုယ့်ချစ်သူအပေါ် သွေးအေးချက်က လက်လန်တယ် (Normal ကနေ Version ပြောင်း၊ အခန်းသစ်ထပ်ထည့်ပြီးရေးထားတာမလို့ အဆင်ပြေမှဖတ်ပေးပါနော်)