Extra 15

14.1K 619 20
                                    


"မောင်ရေ နို့ဘူးဖျော်ပြီးပြီလား"

"မောင်ရေ မောင့်သမီးက ရှူးရှူးတွေပေါက်ချထားပြန်ပြီ"

"မောင်ရေ ညှော်နံ့ရတယ် ဟင်းအိုးတစ်ချက်ကြည့်ပေးပါဦး"

"မောင်ရေ သားကို ရေချိုးပေးဖို့လုပ်ပါဦး"

"မောင်ရေ..."

"မောင်ရေ..."

ဒါပါပဲ။ လက်ရုံးသခင်ရဲ့ ရုံးပိတ်ရက်ဆိုတာ ကလေးရပြီးနောက် ဒီလိုနဲ့ပဲ ကုန်ဆုံးရတာပါပဲ။ မိသားစုလိုက် အပြင်သွားဖို့ခေါ်တော့လည်း နှစ်ဖက်မိဘအိမ်ကလွဲပြီး ဘယ်မှမရောက်။

"လာပါပြီကွာ"

လက်ရုံးက ဖျော်လာသည့် နို့ဘူးကို ပေါင်ပေါင်းလက်ထဲသို့ တစ်ဘူးထည့်ပေးလိုက်၏။

ပေါင်ပေါင်းက အာခေါင်ခြစ်ကာ ‌အော်ငိုနေသည့် သမီးကို ပေါင်ပေါ်လှဲတင်ကာ နို့ဘူးတိုက်နေတုန်း လက်ရုံးက ပုခက်ထဲရှိ သားကိုသွားချီရသည်။

"မောင်ရေ မောင့်သမီးက နို့လည်းမစို့ဘူး"

နို့ဘူးကို အတင်းလက်နဲ့တွန်းတိုက်ဖယ်ရင်း ငိုယိုနေသောသမီးကို ကြည့်ကာ ခေါင်ရန်းမျက်နှာမှာ ဇီးရွက်လေးလောက်သာကျန်တော့သည်။ သမီးလေးက ဘာအလိုမကျဖြစ်နေလဲမသိ။

"နို့မဆာလို့နေမှာပေါ့..အိပ်ချင်လို့များဂျီကြနေတာလား မသိဘူး။ လာ လာ မောင့်ကိုပေး"

မောင်က သားကို ပုခက်ထဲခဏပြန်ချကာ သမီးကိုချီသည်။ သူ့ဒယ်ဒီလက်ထဲရောက်တာနဲ့ အင်း အဲဆိုပြီးငြိမ်သွားတဲ့ သမီးက တကယ် သူ့ဒယ်ဒီမှ သူ့ဒယ်ဒီ။

ခေါင်ရန်း အဲ့ဒီသားအဖနှစ်ယောက်ကို လျစ်လျူရှုလိုက်ကာ ပုခက်ထဲက သားကိုကောက်ချီလိုက်ကာ နို့တစ်ဘူးယူတိုက်လိုက်၏။ သားကတော့ သူ့ဗီဇအတိုင်း ငြိမ်ငြိမ်လေးနို့စို့နေသည်။

"သမီးလေး..ဘာဖြစ်လို့လဲ ဒယ်ဒီ့အသည်းလေးရဲ့"

"...."

အွန်း အဲနဲ့ အသံပြုကာ အဖေဖြစ်သူကို မျက်လုံးဝိုင်းကြီးတွေနဲ့ လိုက်ကြည့်နေသည့် သမီးက ခုနက အော်ငိုနေတာ သူမဟုတ်သလိုပင်။

သခင်ကြင်လျှင် ပန်တော်မူ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆)Where stories live. Discover now