42 (Unicode)

20.9K 1.2K 41
                                    

❀သခင်ကြင်လျှင် ပန်တော်မူ❀  အခန်း (၄၂)
~~~~~~~~~~~~~~~~~~~~~~~~~
"ကိုယ့်ပန်းကန်ထဲကဟာကို ကိုယ့်ဘာသာကိုယ်စားလေ"

မနက်စာကိုအိမ်မှာဝယ်စားချင်ပေမဲ့ ဈေးထဲမှာ ရှမ်းခေါက်ဆွဲသွားစားကြရအောင်ပါဆိုတဲ့ မောင့်စကားကြောင့် ရောက်လာပေမဲ့ မောင်က ကိုယ့်ပန်းကန်ထဲက ကိုယ်မစားဘဲ ခေါင်ရန်းပန်းကန်ထဲက နှိုက်စားနေတာမလို့ ခပ်ကြိတ်ကြိတ်ပြောလိုက်ခြင်းပင်။ မဟုတ်ရင်တောင် ဈေးထဲမှာမလို့လူများသည့်အပြင် မောင်နဲ့ခေါင်ရန်းကို ကွက်ကြည့်ကွက်ကြည့်လုပ်နေတာကို။

"ပေါင်ပေါင်း ပန်းကန်ထဲကဟာက ပိုကောင်းတယ်"

"အပိုတွေပြောပြန်ပြီ။ ဒီဆိုင်ကပဲဝယ်တာကို ငါ့ဟာမှ ထူးပြီးကောင်းတာလား"

"ပေါင်ပေါင်းကလည်း မောင် ဒါ‌လေးစားမိတာကို ငြိုငြင်တာလား၊ တော်ပြီ မစားတော့ဘူး"

ချက်ချင်းပင် ကိုင်ထားသည့်တူကိုချပစ်လိုက်သည့် မောင်က ရေနွေးကြမ်းကောက်သောက်၏။ ပြီးတော့ သူ့ပန်းကန်ထဲကဟာကိုလည်း သူမစားဘဲ ရှမ်းချဉ်တွေကိုသာဒီအတိုင်းထိုင်စားနေသည်။

ခေါင်ရန်းမှာတော့ စားရင်းပင်တွန့်သွားရသည်။ ဒီမောင်ဟာလေ တအားဂျစ်လွန်းတယ်။

"ခေါက်ဆွဲပါစားလေ"

"မစားဘူး၊ ပေါင်ပေါင်းဟာနှိုက်မစားဘူးရင်ပြီးရောမဟုတ်လား။ မောင့်ဘာသာ ဘာစားစားပေါ့"

"မောင် မင်းကလေ.."

"..."

"ဒီနားမှာ လူအစုံပါးစပ်အစုံရှိနေတာကို မင်းနားမလည်ဘူးလား၊ အနေအထိုင်ဆင်ခြင်ရမယ်လေ"

"အနေအထိုင်ဆင်ခြင်ရအောင် မောင်တို့က ဘာတွေများလုပ်နေလို့လဲ။ ကိုယ့်ကောင်လေးပန်ကန်းထဲက မုန့်ကိုကိုယ့်ဘာသာနှိုက်စားတာလေ။ တခြားအတွဲတွေလည်းလုပ်နေကြအပြုအမူပဲလေ။ ဒါတောင် မောင်က ခွံကျွေးခိုင်းနေတာမဟုတ်ဘူး"

"တခြားအတွဲတွေလုပ်တာက မထူးဆန်းဘူးဆိုပေမဲ့ ငါတို့က.."

"ဘာဖြစ်လဲ၊ မောင်တို့ကဘာဖြစ်လို့လဲ။ မောင်တို့ကရောလူမဟုတ်လို့လား။ မောင်တို့လည်းချစ်သူရည်းစားအတွဲပဲလေ"

သခင်ကြင်လျှင် ပန်တော်မူ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆)Where stories live. Discover now