48 (Uni)

18.3K 1K 22
                                    

❀သခင်ကြင်လျှင် ပန်တော်မူ❀  အခန်း (၄၈)
~~~~~~~~~~~~~~~~~~~~~~~~~
"အဲ့ကိစ္စကိုရှင်းလို့"

"တစ်လုတ်စားဦး"

"မစားဘူး အဲ့ဟာကိုပြောလို့ပြောနေတယ်လေ"

ကုတင်ပေါ်မှာထိုင်နေရင်း ဒေါခွီနေတဲ့ ကိုကြီးနဲ့ စိတ်အေးလက်အေးနဲ့ ထမင်းလိုက်ခွံ့နေတဲ့ အစ်ကို့ကိုကြည့်ရင်း ငယ်လေးသွေးတောင်တက်ချင်သည်။ ဝင့်ဝါကတော့ တရားမှတ်သလိုသာထိုင်ကြည့်နေသည်။ ယုမေကတော့ ပြုံးဖြီးလျက်။

ကိုယ့်မှာတော့ မအားအားတဲ့အချိန် ကိုယ့်အစ်ကိုကိုအပြေးအလွှားလာကြည့်ပါတယ်၊ သူကတော့ အေးဆေး။

အခုလည်း ငယ်လေးတို့ရှိနေတာကို သတိရသေးရဲ့လားမသိ။ ငယ်လေး‌ေမွးကတည်းကတောက်လျှောက် တည်တည်ငြိမ်ငြိမ်နဲ့ ကိုကြီးရဲ့ ပုံစံကိုပဲရင်းနှီးလာရတာ။ အခုလိုတစ်ခုခုမရတိုင်း ဂျီကျတတ်တဲ့ပုံစံ၊ စိတ်ကောက်တတ်တဲ့ အပြုအမူ ကိုကြီးရဲ့ ဒီလိုအမူအကျင့်တွေအကုန် အစ်ကိုနဲ့တွေ့မှ ထွက်ထွက်လာတတ်တာကို ကြည့်ရင်း တရားတွေလည်းရပါတယ်။

ဟိုတစ်ယောက်ကရော ဘာထူးလဲ။ လက်ရုံးသခင်ရဲ့ Fan girl ဘဝကိုရောက်တာ အိုသေတော့မယ့် ငယ်လေးခမျာ တစ်သက်လုံးမတွေ့ရလောက်ဘူးထင်တဲ့ Cool Guy ကြီးချွဲတဲ့ ပုံကို အခု မမြင်ချင်တော့ပါဘူးလို့တောင် ကုန်းအော်ချင်လာသည်။

ကိုကြီးနဲ့ဆို မီးနဲ့အတို့ခံရတဲ့ ဖယောင်းလိုပျော့ကျသွားတဲ့ ပုံစံက မမြင်ချင်မှ အဆုံး။

ကိုယ့်အသက်မှ အားမနာ ဂျီကျနေတဲ့လူရော၊ ကူးဂိုင်းပါဆိုပြီး ငယ်လေးတို့ကို ဂျင်းထည့်သွားတဲ့ အိုင်ဒေါကြီးတို့အတွဲရဲ့ ဖြစ်အင်အဖုံဖုံကိုကြည့်ပြီး ရယ်တောင်မရယ်နိုင်တော့ပါဘူး။

အသက် သုံးဆယ်နားကပ်နေတဲ့ သူ့ဟာလေးကို ကလေးတစ်ယောက်လို အဖြစ်သည်းပြနေတာ ကြာတော့အမြင်ကပ်လာသည်။ ဘဲမရှိတဲ့ ကိုယ့်ဘဝကိုယ်လည်းလောင်မြိုက်ပြီး တောတောင်ထွက်ချင်လာသည်။

အခုဖြစ်နေတဲ့ ပြဿနာက ငယ်လေးကစတယ်ပြောရမှာပဲ။ ဖုန်းမကြည့်ရသေးတဲ့ ကိုကြီးကို အစ်ကို့ရဲ့သတင်းပြောပြလိုက်ရာက စသည်။

သခင်ကြင်လျှင် ပန်တော်မူ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆)Where stories live. Discover now