37 (Unicode)

17.1K 1.1K 18
                                    

❀သခင်ကြင်လျှင် ပန်တော်မူ❀  အခန်း (၃၇)
~~~~~~~~~~~~~~~~~~~~~~~~~
Ring>>>Ring
လက်ရုံး အိပ်နေရင်း မြည်လာသည့် ဖုန်းခေါ်သံကြောင့် နိုးသွားရသည်။ ဒီအချိန်ကြီးမှ ဖုန်းထခေါ်တာမလို့ စိတ်လည်းတိုသွားရသည်။

တစ်နေကုန်ပင်ပန်းထားရသည့်အပြင် ဟိုတယ်အတွင်းပိုင်းအလှဆင်ရန်အတွက် ဟိုဟိုဒီဒီလိုက်လံရှာဖွေရင်း အချိန်က ညနှစ်နာရီထိုးသွားသည်။ နောက်ဆုံးမဟန်နိုင်တော့တာနဲ့ အလုပ်စားပွဲပေါ်အိပ်ပျော်သွားခဲ့တာပင်။

နံရံကို နာရီကို အိပ်ချင်မူးတူးဖြင့်လှမ်းကြည့်တော့ သုံးနာရီသာရှိသေးသည်။ ဘေးနားတွင်ရှိနေသည့်ဖုန်းကို လှမ်းယူကြည့်လိုက်သည်နှင့် တွေ့လိုက်ရသည့် အညိုလုံးလေးဆိုသည့် နာမည်ကြောင့် အိပ်ချင်စိတ်ပင်ပျောက်သွားရသည်။ ဒီအချိန်ကြီးကို ပေါင်ပေါင်းက ဘာလို့လဲ။

"Hello ပေါင်ပေါင်း ဘာဖြစ်လို့လဲ"

"မောင်.."

ပုံမှန်ထက် အနည်းငယ်ဖျော့တော့နေသော အသံလေးကြောင့် စိတ်ထဲ ဘဝင်မကျ။ ထို့ကြောင့် ကိုယ်ကို သေချာမတ်ထိုင်လိုက်ရင်း

"အင်း မောင်လေ၊ ပေါင်ပေါင်း ဘာဖြစ်တာလဲ ဒီအချိန်ကြီး။ အိပ်မပျော်ဘူးလား"

"မဟုတ်ဘူး တစ်ရေးနိုးလာတာ"

"ဟုတ်လား၊ ပေါင်ပေါင်း ဘာဖြစ်နေတာလဲ။ အသံက တစ်မျိုးပဲ"

"ငါအိပ်မက်မက်တယ်"

"အိပ်မက်ဆိုးလား"

"အင်း အရမ်းဆိုးတယ်"

"အဲ့ဒါကြောင့် လန့်နိုးပြီး မောင့်ကို ဖုန်းဆက်လိုက်တာလား"

"ဟုတ်တယ်၊ မောင်..."

"ဗျာ"

အိပ်ချင်စိတ်က ကြီးစိုးလာကာ မျက်ခွံတွေက လေးလံလာပေမဲ့ အညိုလုံးလေးက အိပ်မက်ဆိုးမက်ပြီး သူ့ကို တကူးတက ဖုန်းဆက်တာမလို့ အိပ်မငိုက်စေရန် မျက်လုံးကို အတင်းပြူးပြဲထားရသည်။

"မောင် ငါ့ကို စိတ်ဆိုးနေတာလား"

"ဟင် ဘာကိုလဲ။ ဘာကိုဆိုးရမှာလဲ ပေါင်ပေါင်းရဲ့"

သခင်ကြင်လျှင် ပန်တော်မူ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆)Where stories live. Discover now