Extra 14
"မောင် ပြန်မလာသေးဘူးလား"
ဖုန်းကိုင်လိုက်တာနဲ့ ခပ်အီအီအသံလေးက ထွက်လာတာမလို့ လက်ရုံးပြုံးလိုက်၏။ ဗိုက်ကလေးက ဘာဂျီကျချင်ပြန်ပြီလဲမသိပေမဲ့ အသံလေးကိုက အလိုလိုက်ချင်စရာလေး။
"လာတော့မှာ ပေါင်ပေါင်းရဲ့၊ မောင်လက်စသတ်နေပြီ။ ပေါင်ပေါင်း ဘာမှာမလို့လဲ၊ ဘာစားချင်လို့လဲ"
"မဟုတ်ပါဘူး ယောကျာ်းကိုလွမ်းလို့ ဟီး"
"အမလေးဗျာ ကျားသားမိုးကြိုး၊ တစ်နေကုန်မောသမျှ အမောတွေပြေသွားတာပဲ"
"ထုတ်သာမပြောတာပါနော် မောင်အလုပ်သွားတိုင်း ငါက လွမ်း..ကျန်ခဲ့တာ"
လွမ်း ဆိုသည့် နေရာမှာ အသံကို အနည်းငယ်ဆွဲကာ ပြောသည့် အချွဲတုံးလေးက နှုတ်ခမ်းလေးချွန်ကာ ဆူပုတ်ပုတ်လေးဖြစ်နေမှာအသေအချာပါပဲ။ အသံကြားရုံနဲ့တင် အမူအယာကိုဖမ်းမိသည်အထိ သူဟာ ဒီကောင်လေးအပေါ် နစ်ဝင်နေမိလေပြီ။
"မောင်က ပိုလွမ်းပါ့ဗျာ"
"အဲ့ဒါဆို ပြန်လာရင် မာလာမောက်ချိုက်ဝယ်ခဲ့"
တွေ့လား သူထင်တဲ့အတိုင်းပဲ၊ လိုချင်တာလေးရှိလို့ လူကိုအချိုသပ်နေတာ။ ဗိုက်ကလေးရှိလာတော့မှ ဦးခေါင်ရန်းညိုတို့များ ပညာတွေကိုစုံစေ့အောင်တတ်လာတာ။
"မရဘူး"
"ဘာလို့မရရမှာလဲ"
"မရဘူးဆို မရဘူးပဲ၊ အပူအစပ်တွေရှောင်ရမယ်လို့ မောင်မှာထားတယ်လေ"
"နည်းနည်းလေးပဲစပ်တာကို.."
"မရဘူး"
"အစပ်လျော့ထည့်ခိုင်းလေ"
"နွေရာသီပူကပူနဲ့ အပူအစပ်တွေစားချင်သေးတယ်၊ မရဘူး"
"မောင်ကလည်း ညနေပိုင်းကျတော့ အပူလျော့သွားပြီလေ၊ ငါ တစ်ခါတလေ ချွေးတွေအများကြီးထွက်အောင် အစပ်စားကြည့်ချင်လို့ပါဆို"
"ချွေးထွက်ချင်ရင် မောင့်ကိုစားလေ၊ အဲ့ဒါက ပိုကောင်းတယ်"
"နှာဘူးကောင်!!"
စိတ်ဆိုးမာန်စိုးနဲ့ ဖုန်းချသွားတဲ့ ပေါင်ပေါင်းကြောင့် လက်ရုံး ခပ်ဟဟရယ်ရင်းသာ ခေါင်းခါလိုက်၏။ သူ့ကလေးအဖေလေးကလွမ်းနေပြီဆိုပြီး ချွဲလာပြီဆိုတော့ အလုပ်ကို မြန်မြန်ပဲလက်စသတ်ကာ အိမ်ကိုပြန်ဖို့လုပ်ရသည်။
YOU ARE READING
သခင်ကြင်လျှင် ပန်တော်မူ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆)
Romanceမြွေက သွေးအေး သတ္တဝါလို့ပြောရင် ခင်ဗျားပုံပြပြီးငြင်းခဲ့ရဦးမယ်။ တကယ်ပဲ ကိုယ့်ချစ်သူအပေါ် သွေးအေးချက်က လက်လန်တယ် (Normal ကနေ Version ပြောင်း၊ အခန်းသစ်ထပ်ထည့်ပြီးရေးထားတာမလို့ အဆင်ပြေမှဖတ်ပေးပါနော်)