34 (Unicode)

22.9K 1.2K 29
                                    

❀သခင်ကြင်လျှင် ပန်တော်မူ❀  အခန်း (၃၄)
~~~~~~~~~~~~~~~~~~~~~~~~~
"ဟုတ်တယ် မင်းသားက အနားနည်းနည်းကပ်ပေး။ မင်းသမီး ခါးပေါ် လက်တင်လိုက်"

လိုတာထက်ပိုပြီး ငယ်လေးအနားကိုကပ်နေသည့် မင်းသားကြောင့် စိတ်ညစ်လာရသည်။ ဒါ့အပြင် ဓာတ်ပုံဆရာကပါ ပိုပြီးကပ်ခိုင်းနေတော့ ငယ်လေးမှာ သူ့ကိုယ်ထဲပင်ဝင်တော့မလို။

အစ်ကိုတို့ ကုမ္ပဏီအတွက် Photo Shootingတစ်ခုမှာ ငယ်ရောက်နေတာဖြစ်သည်။ အတူတွဲရိုက်သည့် မင်းသားဆိုတာကလည်း ငယ့်လိုတက်သစ်စပင်။ စပ်စုစိန်ဝင့်ဝါကြောင့်သိရတာကတော့ အဲ့မင်းသားကကုမ္ပဏီက ရှယ်ယာဝင်တစ်ဦး၏ တူတဲ့လေ။

ခါးပေါ်တင်ထားသည့် လက်တွေကလည်း တအားရဲတင်းလွန်းတာကြောင့် ငယ်အတော်လေးပင် မျက်နှာပျက်နေရပြီဖြစ်၏။

ကိုယ်က တက်သစ်စဖြစ်သည့်အပြင် အစ်ကိုကိုယ်တိုင်ခေါ်ယူထားသည်မလို့ ငယ့်ကြောင့် အစ်ကို့ကိုမျက်နှာမပျက်စေဖို့ အတော်လေးသည်းခံနေရ၏။

"အင်္ကျီကြော်ငြာရိုက်နေတာလား Love sense ရိုက်နေတာလား"

ရိုက်ကွင်းတစ်ခုလုံး သူ့အလုပ်နဲ့သူရှုပ်နေတုန်း ခပ်ဆတ်ဆတ်ထွက်လာသည့် အသံကြောင့် အကုန်လုံးက လှည့်ကြည့်မိကြ၏။ ထို့အထဲတွင် ငယ်ပါပါ၏။

မှုန်ကုတ်ကုတ်နှင့် တည်တင်းနေသော မျက်နှာထားဖြင့်ရပ်နေသော ကိုကို့ကိုတွေ့လိုက်ရတာမလို့ ငယ်နှုတ်ခမ်းတွေပွင့်ဟသွားရသလို ငယ့်ခါးပေါ်က မင်းသားရဲ့လက်ကိုလည်း အလိုလိုဖယ်မိသွား၏။

ဟိုနေ့က ဖြစ်သည့် အက်ဆီးဒင့်အသေးစားလေးကြောင့်ထင်သည် ကိုကို့မျက်ခုံးထောင့်တွင် ပလာစတာ အသေးလေးက နေရာယူထား၏။

"ဟာ ခွင်းပါလား၊ ဒီ‌နေ့ရှုတင်ရှိလို့လား။ သဘက်ခါမှမဟုတ်ဘူးလား"

ရယ်သံမြူးစွာဖြင့် ငယ်တို့ကိုရိုက်နေသည့် ဓာတ်ပုံဆရာက ကိုကို့ကိုလှမ်းနှုတ်ဆက်တော့ ကိုကိုက ခပ်တည်တည်ပင် အရှေ့သို့ဆက်လျှောက်လာ၏။

ကိုကို့အကြည့်တွေက အခုထိ ငယ့်ဆီကမခွာသေးပေ။

"ဟုတ်တယ် ဒီအတိုင်း လမ်းကြုံလို့ဝင်လာတာ"

သခင်ကြင်လျှင် ပန်တော်မူ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆)Where stories live. Discover now