5 (Unicode)

28.7K 2K 124
                                    

❀သခင်ကြင်လျှင် ပန်တော်မူ❀  အခန်း(၅)
~~~~~~~~~~~~~~~~~~~~~~~~~
ခွင်း လက်ထဲက ကော်ဖီခွက်ကို စားပွဲပေါ်သို့ ခပ်ဖြည်းဖြည်းချရင်း New Feed တွင်တက်လာသည့် သတင်းတစ်ခုကို သေချာအာရုံစိုက်ပြီးဖတ်လိုက်၏။

'လူငယ်အဆိုတော် လက်ရုံးသခင်မှာ ချစ်သူရှိနေပြီလား၊ သူရဲ့ချစ်သူက ယောကျာ်းလေးတစ်ယောက်လား' ဆိုသည့် သတင်းခေါင်းစဉ်ဖြင့် လက်ရုံးက ကောင်လေးတစ်ယောက်ကို လက်ဆွဲကာ ပြေးသွားတဲ့ ပုံတွေပင်။

Comment ထဲဝင်ဖတ်လိုက်တယ်ဆိုရင်ပဲ မိန်းကလေးတော်တော်များများက ဝမ်းနည်းကြောင်းပြောထားကြသလို တချို့ကလည်း မဖြစ်နိုင်ကြောင်းပြောထားကြသည်။

°°°လက်ရုံးသခင် ဆို့အောက်☹️°°°

°°°အစ်ကိုလက်ရုံးဆိုတာသေချာလို့လား
Mask ကြီးတပ်ထားတယ်လေ မသေချာပဲ မပြောကြပါနဲ့°°°

°°°ဟဲ့ ယောကျာ်းလေးဆိုတော့ သူက Gay လား🙄°°°

°°°လက်ရုံးသခင်က ချစ်ပန်းနီနီနဲ့ တွဲနေတာဆို၊ အခုအဲ့မင်းသမီးက ဘန်ကောက်ရောက်နေတာ မဟုတ်ဘူးလား၊ ဒါဆို ပုံထဲက ဘယ်သူလဲ°°°

°°°အစ်ကိုရေ ရက်စက်တယ်°°°

°°°တကယ်ကြီးလား ကုန်ပါပြီဟယ်😭°°°

°°°ရှပြီ ရှပြီ ငါရှပြီ😖°°°

မှတ်ချက်အမျိုးမျိုးကို ဖတ်ရင် သူ ထိုသတင်း Page ထဲက ပြန်ထွက်လိုက်၏။ ကောလဟာလ သတင်းတွေထွက်တာ အတော်လေးဆိုးရွားလှပါသည်။ အထူးသဖြင့် Dating သတင်းတွေက အဆိုးဆုံးပင်။

Idolက ချစ်သူရည်းစားထားတာကို နားလည်ပေးတဲ့ ပရိသတ်ရှိသလို၊ လုံးဝဆန့်ကျင်သည့် သူတွေကလည်းရှိနေပြန်သည်။ ဘာပဲပြောပြော ကောင်းကျိုးမရှိ။ လက်ရုံးအတွက် ကောင်းကျိုးမရှိပေမဲ့ ခွင်းအတွက်တော့ ဆန့်ကျင်ဘက်ပင်။

လက်ရုံး နာမည်ကျမှ သူ့နာမည်ပြန်တက်မည်မဟုတ်လား။ သို့သော် လောလောဆယ် ဒီကိစ္စတွေက သူ့အာရုံထဲ သိပ်မရှိ။ သူအခုစိတ်ပူနေသည်က မနေ့က တွေ့ခဲ့ရသည့် ကောင်လေး။ သူချစ်ခဲ့ရသည့် ခေါင်ရန်းညိုဆိုသည့် သူ့အချစ်ဦးကောင်လေး။

သခင်ကြင်လျှင် ပန်တော်မူ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆)Kde žijí příběhy. Začni objevovat