6 (Unicode)

31.6K 2K 56
                                    

❀သခင်ကြင်လျှင် ပန်တော်မူ❀   အခန်း(၆)
~~~~~~~~~~~~~~~~~~~~~~~~~
လက်ရုံးသခင်ရဲ့ ပြီတီတီအပြောကြောင့် ခေါင်ရန်း စကားမှားသွားမှန်းသိလိုက်ပေမဲ့လည်း နောက်ကျသွားလေပြီ။ သူက ခေါင်ရန်းအနားကို တဖြည်းဖြည်းတိုးကပ်လာသောကြောင့် လန့်သွားမိ၏။

"ဟို..ငါ..ငါပြောတာက.."

ဒေါက်~~ဒေါက်

"အစ်ကို‌ခေါင်ရန်းရေ အကုန်အဆင်သင့်ဖြစ်နေပြီ၊ ဒါရိုက်တာက မင်းသားကိုခေါ်ခိုင်းလိုက်လို့"

အပြင်က ဝန်ထမ်းတစ်ယောက်၏ အသံကြားသည်နှင့် ခေါင်ရန်း ကယ်တင်ရှင်တွေ့သွားသကဲ့သို့ ပျော်သွားသည်က မဖုံးနိုင် မဖိနိုင်။

"အေး အေး"

အပြင်က ခြေသံရှပ်ရှပ်ကြားတာကြောင့် ထွက်သွားပြီမှန်းသိလိုက်ပေမဲ့လည်း လက်ရုံးသခင်က အခုထိ ခေါင်ရန်းရှေ့က မဖယ်သေး။

"ဖယ်..ဖယ်တော့လေ၊ ဒါရိုက်တာ ခေါ်နေပြီတဲ့"

"အဟွန်း.. ကြောက်နေလိုက်တာများ၊ ကျွန်တော် ခင်ဗျားကို ဘာမှမလုပ်ပါဘူး"

ခပ်သဲ့သဲ့ရယ်ကာ ဘောင်းဘီအိတ်ကပ်ထဲလက်ထည့်ရင်း ထွက်သွားသည့် လက်ရုံးသခင့်ကျောပြင်ကို ခေါင်ရန်း အကြောင်းမဲ့ ငေးကြည့်နေမိသည်။

လက်ရုံးသခင်က အခု သူ့ကိုယ်သူ 'ကျွန်တော်'လို့သုံးသွားတာတဲ့လား။ ခုနက အလုပ်ကိစ္စနဲ့မလို့သုံးသွားတယ်ထင်တာ အခုလိုထပ်ပြောသွားပြန်တော့လည်း တစ်မျိုးပင်။

မဖြစ်သေးပါဘူး၊ ဒီကောင်လေးနဲ့ ဆုံတိုင်း အမြဲအထိတ်တလန့်တွေချည်းပဲမို့ ကြာရင် ခေါင်ရန်း နှလုံးရောဂါရလိမ့်မည်။ မတွေ့အောင် ရှောင်နေတာ အကောင်းဆုံးပင်။
~•~•~•~•~•~•~•~•~•~•
"Hello နီ၊ ကိုယ်ပါ"

"အင်း နီသိပါတယ် ကိုရဲ့"

"ဒီနေ့တစ်နေကုန် ကြော်ငြာတွေရိုက်နေရတာနဲ့ နီ့ဆီ ဖုန်းမခေါ်ဖြစ်တာ Sorry နော် နီ"

"ရပါတယ် ကိုရယ်၊ နီလည်း ဒီမှာ အလုပ်တွေ အရမ်းရှုပ်နေတာ"

"အင်းပါ ကျန်းမာ‌ရေးဂရုစိုက်နော် နီ၊ အစစ အရာရာ ဂရုစိုက် ကြားလား"

သခင်ကြင်လျှင် ပန်တော်မူ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆)Where stories live. Discover now