"ပေါင်ပေါင်း ဘာဖြစ်နေတာလဲကွာ၊ မောင့်ကိုကြည့်ပါဦးဆို"
သားနဲ့ သမီးကို သိပ်ပြီးတာနဲ့ ကုတင်ပေါ်က ဆင်းပြေးချင်နေသော အညိုလုံးလေး၏ လက်ကောက်ဝတ်လေးကို လက်ရုံး ခပ်ဖွဖွဆွဲထားလိုက်၏။
လေဆိပ်ကနေအခုထိ တောက်လျှောက် လက်ရုံးကို လျစ်လျူရှုထားတာ အခုဆို ညအိပ်ချိန်ပင်ရောက်နေလေပြီ။ လွမ်းလွန်းလို့လိုက်လာပါတယ်ဆိုမှ အခုတော့ တီတီတာတာလုပ်ဖို့နေနေသာသာ အညိုလုံးလေးက မျက်လုံးချင်းတောင်မဆုံအောင်နေလေတော့ တကယ်သည်းမခံနိုင်တော့ချေ။
"လွှတ် ငါ့ကို"
နာမှာဆိုးလို့ ဖွဖွလေးဆုတ်ကိုင်ထားတဲ့လက်ကနေ ရုန်းထွက်ရင် ရရဲ့သားနဲ့ မရုန်းဘဲ လွှတ်ပေးချည်းအော်နေလေတော့ စိတ်ဆိုးနေတာမဟုတ်ဘဲ ကောက်စိန်လေးလုပ်နေမှန်း လက်ရုံးအတတ်သိလိုက်၏။
"မလွှတ်နိုင်ပါဘူး၊ ဟောဒီလို ဖက်ထားဦးမှာ"
ပြောပြောဆိုဆိုနဲ့ ရင်ခွင်ထဲဆွဲသွင်းလိုက်တဲ့ ကိုယ်နွေးနွေးလေးက လက်ရုံးရင်ခွင်ထဲရောက်လာ၏။ ဆံနွယ်ပျော့ပျော့ထဲ နှာခေါင်းတိုးဝှေ့ရင်း တစ်ပတ်မျှဝေးကွာခဲ့ရသည့် ကိုယ်သင်းနံ့လေးကိုရှူရှိုက်မိ၏။
မရုန်းဘဲ ငြိမ်ငြိမ်လေးနေနေသည့် အတတ်ကလေးကို ဆုချသည့်အနေဖြင့် နားထင်ထောင့်လေးကို မွခနဲနေအောင်မွှေးကြူလိုက်၏။
"ပြောပါဦး မောင့်ကိုဘာတွေစိတ်ကောက်နေသလဲဆိုတာ"
"ဘာမှမကောက်ဘူး ဖယ်"
ဒီတစ်ခါတော့ ရုန်းကန်လာပြီမလို့ လက်ရုံး ပိုတင်းတင်းကြပ်ကြပ်ဖက်ကာ ပေါင်ပေါင်းလည်တိုင်ကြားထဲခေါင်းနှစ်ထားလိုက်၏။
"ဘာတွေစိတ်အလိုမကျပြန်သလဲ အညိုလုံးလေးရဲ့...ဟင်၊ မောင့်ကိုပြောပြမှ မောင်သိမှာပေါ့၊ ပေါင်ပေါင်းက ကိုယ့်ကလေးလေးကိုအကြာကြီးစိတ်ဆိုးရက်လို့လား.. ဟင်"
"ဘာ ငါ့ကလေးလေးလဲ၊ သွားပါ Daddy ပဲ သွားလုပ် သွား"
လက်ရုံးခေါင်းပေါ်မှာ Question Mark တွေတန်းစီသွားရသည်။ သူနဲ့ကိုယ်မွေးထားတဲ့ ကလေးတွေကလဲ ဘေးနားမှာ အိပ်နေတာကို ဘယ်သူ့ Daddy သွားလုပ်ခိုင်းနေတာလဲ ဒီပေါင်ပေါင်းကတော့..
YOU ARE READING
သခင်ကြင်လျှင် ပန်တော်မူ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆)
Romanceမြွေက သွေးအေး သတ္တဝါလို့ပြောရင် ခင်ဗျားပုံပြပြီးငြင်းခဲ့ရဦးမယ်။ တကယ်ပဲ ကိုယ့်ချစ်သူအပေါ် သွေးအေးချက်က လက်လန်တယ် (Normal ကနေ Version ပြောင်း၊ အခန်းသစ်ထပ်ထည့်ပြီးရေးထားတာမလို့ အဆင်ပြေမှဖတ်ပေးပါနော်)