30 (Zawgyi)

5.7K 147 1
                                    

❀သခင်ကြင်လျှင် ပန်တော်မူ❀   အခန်း(၃၀)
~~~~~~~~~~~~~~~~~~~~~~~~~
"ငယ်လေးရယ် အရမ်းမငိုပါနဲ့၊ တစ်နေကုန်ငိုထားတာ နင့်မျက်လုံးတွေဖောင်းအစ်နေတာပဲ၊ ခုနက ကိုကြီးခေါင်ရမ်းရော ရုံးရုံးရောဖုန်းဆက်တယ်မဟုတ်လား၊ မနက်ကျရင်အကုန်အဆင်ပြေသွားမှာပါ"

ဝင့်ဝါက နှစ်သိမ့်ပေးသော်လည်း ငယ်လေးမှာ တစိမ့်စိမ့်နဲ့ ငိုမြဲငိုဆဲပင်။ မင်္ဂလာဆောင်ကပြန်လာကြသည့် ဝင့်ဝါမိဘတွေကလည်း သူမဘက်ကအားပေးကြသည်မို့ တော်သေးသည်။

ကိုကြီးနဲ့ အစ်ကိုကလည်း အဆင်ပြေပါတယ်ပြောနေပေမဲ့လည်း သူမကတော့ ဘယ်လိုပဲစိတ်ဖြေဖြေ ခဏကြာလျှင် ငိုမိပြန်ရော။

ထောင်ပေါင်းများစွာသော လူတွေက အမျိုးမျိုးဝိုင်းပြောဆိုနေကြသည်မို့ သူမကြောက်လည်းကြောက်မိသလို အားလည်းငယ်မိသည်။

ဘယ်လိုပဲ သူမက အကြောတင်းသည်ဆိုဆို ဒီလိုကိစ္စရပ်မျိုးကြတကယ်ခံနိုင်ရည်မရှိ။ ကိုယ့်ရဲ့ ပထမဦးဆုံးခြေလှမ်းကအခုလိုဖြစ်ကုန်တာမို့ ပိုဆိုးသည်။

နောက်ရက်ကြရင်အဆင်ပြေသွားမလားမသိပေမဲ့ အခုတော့ အဆင်မပြေတာအမှန်ပင်။

"ထ..ထမင်းသွားစားကြမယ်၊ ပြီးရင် နင်လန်းသွားအောင် ရေထချိုးလိုက်ဦး၊ တစ်နေကုန်ငိုထားရတော့ လူက နုန်းနေမှာ"

"ငါမစားချင်သေးဘူးဟာ၊ ဗိုက်လဲသိပ်မဆာဘူး နင်သွားစားလေ"

"ငယ်လေးရယ် နင်ကလည်း.."

"ဘာမှမဖြစ်ဘူး ငါနေ့လည်က နင်နဲ့မုန့်တွေစားထားတာနည်းမှမနည်းဘဲ၊ ရင်ပြည့်နေလို့မစားချင်တာပါဟယ်။ သွားတော့သွား အန်တီတို့စောင့်နေတော့မယ်"

"အေး အေး ပြီးရော အဲ့ဒါဆိုလည်း"

ဝင့်ဝါက သူမကို ဖြောင်းဖြမရမှန်းသိတာကြောင့် အတင်းဇွတ်မခေါ်တော့ဘဲ အခန်းပြင်ထွက်သွား၏။

နေ့လည်က အင်္ကျီလဲပြီးစဉ်ထဲက ဝင့်ဝါနှင့်အတူ ထမင်းစားသောက်ပြီးသည်နှင့် ပြဿနာပေါ်လာသည်မို့ ငယ်လေးဖုန်းကို ဝင့်ဝါကသိမ်းထားသည်ကို အခုထိပြန်မပေးသေးပေ။

ပြန်တောင်းမယ်ဆိုပြီး မေ့နေတာနှင့်မတောင်းဖြစ်သေးပေ။ ဖုန်းမကြည့်တာပဲကောင်းပါတယ် မဟုတ်ရင် သူမပိုဆိုးလိမ့်မည်။

သခင်ကြင်လျှင် ပန်တော်မူ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆)Where stories live. Discover now