❀သခင်ကြင်လျှင် ပန်တော်မူ❀ အခန်း(၁၃)
~~~~~~~~~~~~~~~~~~~~~~~~~
"အခု ရိုက်မှာက ဒီတံတားပေါ် မှာ မင်းသမီးက ရှေ့ကနေလျှောက်မယ်၊ မင်းသားက အနောက်ကနေ မင်းသမီး ပခုံးကို ကိုင်ပြီး လိုက်မယ်။ ကြင်ကြင်နာနာလေး အရမ်းချစ်ကြတဲ့ ချစ်သူစုံတွဲဆိုတဲ့ Feeling လေး ပရိသတ်ကိုခံစားစေချင်တာ Ok""ဟုတ်..ဟုတ်ကဲ့ဆရာ"
"ဒါဆို နောက်ဆယ့်ငါးမိနစ်နေရင်စမယ်"
သူလိုချင်သည့် ပုံစံကိုပြောကာ ဒါရိုက်တာက ငယ်လေးနားက ထွက်သွားသည်ဆိုရင်ပဲ အကြောင်းမဲ့ သက်ပြင်းချလိုက်မိ၏။
မေမေကအဖော်လိုက်ခဲ့ချင်ပေမဲ့လည်း ငယ်လေးက မေမေ့ကိုမပင်ပန်းစေတာကြောင့်ရော၊ ဒီကအခြေအနေကိုမသိတာကြောင့်ပါ မခေါ်လာခဲ့ခြင်းပင်။
သို့သော် ယုမေလွင်ကတော့ အဖော်အဖြစ်လာသည်။ ယုမေဆိုတာ တခြားတော့မဟုတ် ဦးလေး၏ သမီးအငယ်ဆုံးဖြစ်သည်။ ငယ်လေးနှင့်ဆို သက်တူရွယ်တူပင်။ သူများတွေလို ကိုယ်က အနုပညာမျိုးရိုးရှိသူလည်းမဟုတ်၊ ဒီလောကနဲ့ အစိမ်းသက်သက်ကြီးဖြစ်နေတော့ အတော်လေး အဆင်မပြေဖြစ်ရသည်။
ငယ်လေး အေးချမ်းလှတဲ့ ကလောမှာတောင် ဘယ်ကအပူတွေကြောင့်မှန်းမသိ။ ချွေးတောင်ကျလာရသည်။ မလုပ်ဖူးသည့် အလုပ်မို့ စိတ်လှုပ်ရှားတာက တစ်မျိုး၊ ကိုယ့်ကြောင့် သူများတွေ အဆင်မပြေမှာလဲ ကြောက်ရသေးသည်။
နောက်ပြီး ကိုယ်နဲ့တွဲပြီးသရုပ်ဆောင်မှာကလည်း နာမည်ကြီးအဆိုတော်မို့ရှိန်မိပြန်သည်။ အဆိုးဆုံးကတော့ ဒီတံတားပေါ် လမ်းလျှောက်ရမယ်ဆိုတာကြောင့်ပင်။
ရှမ်းပြည်နယ်ရဲ့ အထင်ကရနေရာတစ်ခုဖြစ်သည့် 'ဘ၀သံသရာ'ရထားလမ်းပေါ်တွင် ငယ်လေးတို့ရိုက်ရမှာပင်။ သာမန်ရထားလမ်းဆို ဘာမှပြောနေစရာတောင် မလိုပေမဲ့ ငယ်လေးတို့ ရိုက်ရမယ့်နေရာက အောက်မှာဟာလာဟင်းလင်းကြီးဖြစ်သည်။ အောက်ကိုငုံကြည့်ရင်ပင် အတော်လေးကြောက်ဖို့ကောင်းလှသည်။
ဟိုရက်က ယုမေနဲ့အတူလာတုန်းကတောင် ကြောက်ပြီး ပြန်လှည့်လာခဲ့တာ။
YOU ARE READING
သခင်ကြင်လျှင် ပန်တော်မူ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆)
Romanceမြွေက သွေးအေး သတ္တဝါလို့ပြောရင် ခင်ဗျားပုံပြပြီးငြင်းခဲ့ရဦးမယ်။ တကယ်ပဲ ကိုယ့်ချစ်သူအပေါ် သွေးအေးချက်က လက်လန်တယ် (Normal ကနေ Version ပြောင်း၊ အခန်းသစ်ထပ်ထည့်ပြီးရေးထားတာမလို့ အဆင်ပြေမှဖတ်ပေးပါနော်)