Extra 8 (Unicode)

12.2K 719 27
                                    

"ပေါင်ပေါင်းရေ မောင်ပြန်လာပြီ"

ကားသံကြားရတာနှင့်တစ်ပြိုင်နက် မောင့်အသံကို ကြားလိုက်ရတာမလို့ ခေါင်ရန်း ဖုန်းကြည့်နေရင်းကနေ နှာခေါင်းရှုံ့လိုက်၏။ အပေါ်ထပ်ကနေကြားရတဲ့အထိကို ဘယ်လို Vocal နဲ့ အော်လာမလဲဆိုတာ တွေး‌သာကြည့်တော့။

ခေါင်ရန်းအလုပ်ထွက်လိုက်ကတည်းက မောင့်ရုံးဆင်းချိန်က ညနေ ၃နာရီဖြစ်သွားသည်။ မနက်ကိုလည်း ၉နာရီမှအလုပ်သွားပြီး ၁၂ နာရီထိုးတော့ ထမင်းပြန်စားသည်။ ၁ နာရီပြန်သွားပြီး ၃ နာရီပြန်လာတယ်ဆိုထဲက မောင်တစ်ယောက်ကုမ္ပဏီမှာဖင်ပူအောင်မထိုင်ခဲ့မှန်းသိပ်သိသာသည်။

အိမ်ပြန်ရောက်မှ အလုပ်ကပါလာသည့် အလုပ်အကြွေးတွေကို Laptop တစ်လုံးနှင့် ခေါင်ရန်း‌ရှိသည့် နေရာတိုင်း၏ ဘေး
တွင်ကပ်ထိုင်ကာ အလုပ်လုပ်နေလိမ့်မည်။

"ပေါင်ပေါင်း မောင်ခေါ်နေတယ်လေကွာ"

"ကြားသားပဲ"

ဖုန်းကြည့်မပျက်ဘဲ လက်ရုံးကို ဂရုမထားဟန်ဆောင်ကာပြောနေသည့် ပေါင်ပေါင်းက အရင်လိုမဟုတ်ဘဲ လုံးတစ်တစ်ကလေးဖြစ်လာသည်။ အလုပ်ထွက်လိုက်ကတည်းက အိမ်မှာပဲ အိပ်လိုက်စားလိုက်လုပ်နေသည်မလို့ ခန္ဓာကိုယ်က ပြည့်ပြည့်လေးဖြစ်လာသည်။ လက်ရုံးက အလိုလိုက်မှန်းသိတာမလို့ နဂိုထက်ပိုပြီး ဂျစ်တစ်တစ်လေးဖြစ်လာသည်။

"ပေါင်ပေါင်း မောင့်ကိုကြည့်"

"..."

"မောင့်ကိုကြည့်လို့ဆိုကွာ"

မောင်က အတင်းပင် ခေါင်ရန်းပခုံးကိုဆွဲကိုင်ကာ မျက်နှာချင်းဆိုင်ခိုင်းနေသည်မလို့ ခေါင်ရန်းဘုကြည့်ကြည့်လိုက်၏။ အမှန်ဆို မောင်ပြန်မလာခင် မိနစ်ပိုင်းအလိုကအထိ ခေါင်ရန်း Google ကနေသိချင်သည့်အကြောင်းအရာတချို့ကို ရှာဖွေဖတ်နေတာဖြစ်သည်။

ဆရာဝန်နဲ့ဆွေးနွေးထားတယ်ဆိုပေမဲ့လည်း ကိုယ့်ဘာသာထပ်ပြီး လေ့လာလိုက်ရမှာ နေသာထိုင်သာရှိသွားသည်။ ခေါင်ရန်းလည်းဖတ်လို့အပြီး မောင့်အသံလည်းကြားရတာဖြစ်သည်။

"ဘာလဲကွာ ပြော ပြော"

"စိတ်မတိုပါနဲ့ကွာ မောင်ပြောတာ နားထောင်ဦး"

သခင်ကြင်လျှင် ပန်တော်မူ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆)Where stories live. Discover now