46 (Uni)

21.9K 1.3K 20
                                    

❀သခင်ကြင်လျှင် ပန်တော်မူ❀  အခန်း (၄၆)
~~~~~~~~~~~~~~~~~~~~~~~~~
"ငယ်"

"ကိုကို.."

ဆေးရုံရောက်သည်နှင့် ခေါင်ရန်းညိုနာမည်နှင့်လူနာကိုမေးတော့ ခွဲစိတ်ခန်းဝင်နေရသည်ဆိုတာနှင့် ခွင်းဒီကိုရောက်လာခြင်းပင်။

မျက်ရည်ဗလပွနှင့် ငယ့်မျက်နှာလေးက မမြင်ရတာကြာလို့ထင်သည် တစ်ဝက်လောက်ထိပိန်ကျသွားသလိုပင်။ သူ့ကိုတွေ့သည်နှင့် အပြေးလာကာ ရင်ခွင်ထဲတိုးဝင်လာသည့် ကလေးမက ရှိုက်ကြီးတငင်ငိုတော့သည်။

အစ်ကိုဖြစ်သူကိုစိုးရိမ်စိတ်ကြောင့် ရောက်တတ်ရာရာတွေလျှောက်ပြောရင်း ငိုနေသည့် ကလေးမကို စိတ်အေးသွားအောင် ချော့မြူပြောရသည်မှာ အတန်ကြာသည်အထိ။

ငိုတာရပ်သွားပေမဲ့ ရှိုက်သံသဲ့သဲ့ထွက်နေသည့် ကလေးမကြောင့် ခုနကဝယ်လာသည့် အိတ်ထဲကရေဗူးကိုဖွင့်တိုက်လိုက်၏။

"ရေသောက်လိုက်ဦး၊ ဖြည်းဖြည်းသောက်"

ပထမတော့ အဖေ့အတွက် ထွက်ဝယ်ပေးရင်းကနေ အခုတော့ ဒီကိုရောက်လာဖြစ်တာမလို့ ငယ့်အတွက်ဖြစ်သွားသည်။

"ဘာလို့စိတ်ပင်ပန်းခံရတာလဲ ငယ်ရယ်၊ ခေါင်ရန်းညိုက အဆင်ပြေမှာပါ"

"ဒါပေမဲ့လည်း အခုထိမှထွက်မလာသေးတာ ငယ်စိတ်ပူတာဆန်းလား။ မေမေသိရင် တစ်ခုခုဖြစ်မှာဆိုးလို့ ငယ့်မှာအကြောင်းမကြားရဲဘူး။ မတော်တဆများသိသွားရင် တစ်ခုခုဖြစ်မှာဆိုးလို့ ဝင့်ဝါကိုတောင် အိမ်ပြန်လွှတ်လိုက်ရတာ။ ယုမေကိုလည်း မေမေ့ကိုဘာမှမပြောဖို့ကြိုမှာရသေးတယ်"

"ယုမေကဒီရောက်နေတာလား"

"ဟုတ်တယ်၊ ဒီမှာ ကျောင်းဆက်တက်မလို့ အိမ်ရောက်နေတာ"

"ဪ..အ"

ဪ ဟုရေရွတ်ရင်း တွေးဆဆလုပ်နေတုန်း သူ့ရင်ဘက်ကို ကုန်းကိုက်လိုက်သည့် ငယ့်ကြောင့် ညည်းငြူလိုက်မိ၏။

"ဘာဖြစ်လို့လဲ ငယ်"

"ဘာလို့အခုမှပေါ်လာတာလဲ။ ဘာလို့အကြာကြီးပစ်သွားရတာလဲ။ ဖုန်းတစ်ချက်တောင်မဆက်ဘဲ ဘယ်လိုများနေနိုင်ရတာလဲ။ တစ်ချက်လေးတောင် ငယ့်ကိုသတိရရဲ့လား"

သခင်ကြင်လျှင် ပန်တော်မူ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆)Tempat cerita menjadi hidup. Temukan sekarang