8 (Unicode)

28.8K 1.9K 22
                                    

❀သခင်ကြင်လျှင် ပန်တော်မူ❀  အခန်း(၈)
~~~~~~~~~~~~~~~~~~~~~~~~~
"ဟဲ့ ဘာဖြစ်လာတာတုန်း ထော့နဲ့ ထော့နဲ့ နဲ့"

ခေါင်ရန်း အိမ်ထဲဆူပုတ်ပြီးဝင်လာတယ်ဆိုရင်ပဲ မေက စီးကြိုပြီးမေးလေသည်။

"နောက်မှ မေး၊ အခုလာတွဲပေးဦး"

"ဪ အေးအေး"

ခေါင်ရန်း ပြောမှ မေက ခပ်သွက်သွက်လျှောက်လာကာ လာတွဲပေးသည်။ မေ့အကူအညီဖြင့် အိမ်ထဲဝင်ကာ ခုံမှာ ထိုက်တော့မှ မေက မေးခွန်းတွေ စတင်မေးပါတော့ဟည်။

"နင့် ခြေထောက်က ဘာဖြစ်လာတာလဲ"

"ဟင်းရည်ပူလောင်လာတာလေ"

"ဟဲ့ နင်က ဟိုဘက်အိမ်သွားတာလေ၊ မီးဖိုချောင်သွားတာမှ မဟုတ်တာ။ ဘယ်လိုလုပ်အပူလောင်လာရတာလဲ"

"နောက်မှ မေးပါမေရယ်၊ ငါအခု အရမ်းနာနေလို့ ဆေးအရင်ပေးပါလား"

"ဪ အေးအေး၊ ဆေးဗူးတွေက ဘယ်မှာ ထားတာလဲ"

"ဟို စင်ပေါ်မှာ"

ခေါင်ရန်း မေ့ကိုညွှန်ပေးလိုက်ရင်း ခြေထောက်က ဒဏ်ရာကို တဖူးဖူးမှူတ်နေလိုက်၏။

"ခြေ‌ထောက် ဒီပေါ်တင်လိုက်"

စားပွဲပေါ် ခြေထောက်ကိုမှေးတင်လိုက်တော့ မေက ခေါင်ရန်း၏လုံချည်ကို ခြေမျက်စိအထက်သို့ မလိုက်တာကြောင့် ခေါင်ရန်းအားနာစွာနဲ့ပဲ

"မေ ကန်တော့နော်"

"ရပါတယ်ဟယ်"

သူငယ်ချင်းပေါင်းပေါင်းနေပေမဲ့လည်း မေက ကိုယ့်ထက် လပိုင်းလည်းကြီးသည်မို့ ငရဲကြီးမှာဆိုးရသေးသည်။

အနာပေါ်ဆေးတင်လိုက်တယ်ဆိုရင်ပဲ စပ်တာမလို့ ခေါင်ရန်း တွန့်သွားမိတာကြောင့် မေက ပိုပြီးညင်ညင်သာသာလိမ်းပေးကာ အဆက်အစပ်မရှိစကားထပြော၏။

"ခေါင်ရန်း..အခု လက်ရုံးသခင်က ဟိုဘက်အိမ်မှာ နေနေတာမဟုတ်လား"

"အွန်း"

ခေါင်ရန်း ဖြေသာဖြေလိုက်ရသည် စိတ်ကတော့ မကြည်။ အခုသူ့ကြောင့် ဖြစ်လာတာမဟုတ်လား။ မေ့ကို အကုန်ပြောပြထားသည်မို့ မေကတောင် သူ့ကိုသနားနေသေးသည်။ မေက ပါးစပ်လုံသူဖြစ်သည့်အပြင် ကိုယ့်မှာရင်းနှီးသူက မေပဲရှိတာမလို့မို့ သူ့အကြောင်းတွေကို ပြောပြထားမိသည်လေ။

သခင်ကြင်လျှင် ပန်တော်မူ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆)Donde viven las historias. Descúbrelo ahora