11 (Unicode)

24.2K 1.7K 77
                                    

❀သခင်ကြင်လျှင် ပန်တော်မူ❀  အခန်း(၁၁)
~~~~~~~~~~~~~~~~~~~~~~~~~
"မင်း ဗိုက်ဆာပြီလား လက်ရုံး"

အနေရခက်သော အခြေအနေမှ လွန်မြောက်အောင် ခေါင်ရန်း စကားစလိုက်၏။ ဒီတော့မှ သူက ခေါင်ရန်းကိုဖက်ထားရာမှ လွှတ်လိုက်ကာ ခေါင်းခါပြသည်။

"ဒါဆို ရေသောက်မလား"

သူက ထပ်ခေါင်းခါပြန်သည်။ ခေါင်ရန်း စစချင်းတုန်းက သူဝမ်းနည်းနေလို့ နှစ်သိမ့်ပေးရန်သာ စိတ်ထဲရှိပေမဲ့ အခုတော့ သူ့ကို အချိန်တော်တော်ကြာဖက်ထားမိသည်ကိုတွေးမိ၍ ရှက်နေခြင်းသာ။

"အဲ့ဒါဆို...ငါဘာလုပ်ပေးရမလဲ"

သူက ခေါင်ရန်းကိုပြန်မော့ကြည့်ကာ ဖုန်းဖြင့်စာရိုက်နေတာမို့ ခေါင်ရန်းငြိမ်နေလိုက်သည်။

တင်~
ဖုန်းထဲစာဝင်လာသည်မို့ ကြည့်လိုက်တော့ သူပို့လိုက်ခြင်းပင်။

°°°ဘာမှစားချင်စိတ်မရှိဘူး°°°

"ဘာမှ စားချင်စိတ်မရှိလို့မရဘူးလေ၊ တစ်ခုခုတော့ စားမှပေါ့၊ မင်းအရင်ရက်တွေကရော ဘာစားလဲ"

°°°ဘာမှမစားဘူး°°°

"ဘယ်လို..၊ မင်းမစားတာ ကြီးကြီးမြတ်က ဘာမှမပြောဘူးလား"

°°°ကြီးကြီး မသိဘူး၊ ကျွန်တော့်ဘာသာ လုံးလုံးကို မယူလာခိုင်းတာ၊ ညနေပိုင်းပဲ နည်းနည်းစားတယ်°°°

"ကျစ်... ဒါဆို အစာမရှိဘဲ မင်းဆေးဘယ်လိုသောက်မလဲ"

°°°ဆေးလည်းမသောက်ဘူး°°°

ဘုကလန့်ဖြစ်နေသည့် ကောင်လေးကြောင့် ခေါင်ရန်း စိတ်မရှည်တော့ကာ

"မင်းက ဆေးလည်းမသောက်ဘူး၊ အစားလည်းမစားဘူးဆိုတော့ သေချင်နေတာလား"

စိတ်တိုတိုနဲ့ ပြောမိလိုက်တော့ သူက မော့ကြည့်လာကာ ချက်ချင်း ခေါင်ရန်းဖုန်းထဲ စာဝင်လာတာက 'အင်း' တဲ့လေ။ မဖြစ်ဘူး သူက အခုတောင် စိတ်ဓာတ်အရမ်းကျနေတာမို့ ခေါင်ရန်းကပါ သူစိတ်ညစ်အောင်လုပ်ပြီး ပိုဆိုးအောင်လုပ်လို့မဖြစ်။ ကိုယ့်ဘာသာပဲ စိတ်လျော့လိုက်ကာ

"မင်းဘာစားချင်လဲ...၊ ငါဘာလုပ်ပေးရမလဲ။ ငါဒီနေ့ အလုပ်ပိတ်တယ် မင်းစားချင်တာ လုပ်ပေးမယ်။ ငါတော်တော်များများတော့လုပ်တတ်ပါတယ်"

သခင်ကြင်လျှင် ပန်တော်မူ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆)Where stories live. Discover now