33 (Unicode)

24.6K 1.3K 18
                                    

❀သခင်ကြင်လျှင် ပန်တော်မူ❀  အခန်း (၃၃)
~~~~~~~~~~~~~~~~~~~~~~~~~
"လာ ပေါင်ပေါင်း"

သူ့အနောက်တွင်ကပ်‌နေသော အညိုလုံးလေးရဲ့လက်ကိုဆွဲကိုင်ရင်း သူပြောလိုက်၏။ အခုက လေးလေးတို့အိမ်ရှေ့ရောက်နေကြခြင်းပင်။ လေးလေးနှင့် အန်တီလှိုင်က သူ့အတွက်အရေးပါတဲ့သူတွေမလို့ အညိုလုံးလေးနှင့် ပေးတွေ့ဖို့ခေါ်လာခြင်းပင်။

စေ့စပ်ပွဲနေ့ကြရင်လည်း လေးလေးတို့ လာရအောင်တစ်ခါတည်းခေါ်‌ရမည်။

~တီးတောင်~

~ချပ်~
ဘဲလ်တီးပြီး သိပ်မကြာလိုက်ဘဲ တံခါးရွက်နောက်မှ အန်တီလှိုင့်မျက်နှာက ထွက်ပေါ်လာ၏။

"ဟယ် သား သခင်၊ လာလည်တာ အန်တီ့ကိုဖုန်းကြိုမဆက်ဘူးကွယ်"

"ဟုတ်တယ် အန်တီလှိုင့်ကို အံ့ဩသွားအောင်လို့လေ"

"ဟုတ်ပါပြီရှင်..ဒါနဲ့ သူလေးက"

ပြုံးပြုံးချိုချိုနှင့်ပြောနေသည့် အန်တီလှိုင်သည် သူ့ဘေးက အပြာကွက်စိပ်ပုဆိုးလေးနှင့်ရပ်နေသည့် အညိုလုံးလေးဆီသို့ စူးစမ်းသည့်အကြည့်များရောက်သွား၏။

"ဒါက သားကောင်‌လေး အန်တီလှိုင်"

"ဟုတ်လား..အိမ်ပေါက်ဝကြီးမှာ စကားကောင်းနေကြတာ၊ အိမ်ထဲဝင်ကြလေ။ သခင်လာ..ဟိုကလေးလည်း လာ"

လောကွတ်ပြုရင်း အိမ်ထဲဝင်သွားသည့် အန်တီလှိုင့်နောက်ကို အညိုလုံးလေးရော သူပါလိုက်ခဲ့လိုက်၏။ သူကတော့ ဒီအိမ်နှင့် သိပ်မစိမ်းပေမဲ့ အညိုလုံးလေးကတော့ အခုမှရောက်ဖူးတာမလို့ ဟိုကြည့်ဒီကြည့်။

"ထိုင်ကြဦး"

ဟိုဟိုဒီဒီကြည့်တယ်ဆိုပေမဲ့ အကဲခတ်နေသလိုမဟုတ်ဘဲ ဒီအတိုင်း ကလေးသူငယ်လေးတွေ မမြင်ဖူးသည့်အရာကို မျက်လုံးဝိုင်းဝိုင်းလေးတွေနှင့် ကြည့်သကဲ့သို့ လိုက်ကြည့်နေခြင်းသာ။ သူရှေ့ကဒီကောင်လေးကိုကြည့်ရင်း ချစ်လွန်းလို့ ဖြှစ်ညှစ်ပစ်လိုက်ချင်သည်။

"သခင်"

"ဗျာ"

အညိုလုံးလေးကိုငေးနေရာက အန်တီလှိုင် သူ့နာမည်ခေါ်လာမှ လူနှင့်စိတ်ဝိဉာဉ်ကပြန်ကပ်သည်။

သခင်ကြင်လျှင် ပန်တော်မူ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆)Dove le storie prendono vita. Scoprilo ora