Extra 6 (Uni)

14.8K 981 13
                                    

"ပေါင်ပေါင်း ဒီမှာကြည့်စမ်း"

ရုံးပိတ်ရက်မလို့ နှစ်ယောက်လုံးအနားယူနေတုန်း မှာထားသည့်ပစ္စည်းရောက်လာသည်ဟု မောင့်ဆီဖုန်းလာတာမလို့ အောက်ဆင်းသွားသည့် မောင့်လက်ထဲတွင် အခုတော့ ခပ်သေးသေးဘူးတစ်ခုပါလာ၏။

ကုတင်ပေါ်လှဲကာ ဖုန်းကြည့်နေရင်းကနေ ခေါင်ရန်း မောင့်ဆီအကြည့်ပို့လိုက်၏။ မောင်ကတော့ သူ့ဘာသာသူလည်းပြောကာ ကုတင်ပေါ်သို့တက်လာပြီဖြစ်၏။

"မောင်မှာထားတာ ကြာလှပြီကို အခုမှရတယ်၊ နောက်တစ်ခါ အဲ့ဆိုင်ကိုမအပ်ဘူး"

"ဘာကြီးလဲ"

"သိရမှာပေါ့"

မောင်က ခေါင်ရန်းအပြောကို ခပ်ပြုံးပြုံးဖြင့်ဖြေကာ ဘူးပေါ်ရှိစက္ကူတွေကို စိတ်မရှည်သလိုနှင့် စုတ်ဖြဲပစ်လိုက်၏။

ထို့နောက်တွင်တော့ ငွေရောင်ဘူးလေးထွက်ပေါ်လာသည်အထိ ခေါင်ရန်းစိတ်သိပ်မလှုပ်ရှားသေးပေ။ မောင့်ကိုအာရုံစိုက်သည့်အနေဖြင့် ဖုန်းကိုမကြည့်တော့သော်လည်း ပစ္စည်းအပေါ်ကိုတော့ သိပ်စိတ်မဝင်စားပေ။

"ဒါ ဒါ့...ဒီမှာ"

မောင့်လက်ထဲပါလာသည်က ခပ်သေးသေး Resin အပြားလေးတစ်ခု။ Keychain လို့ဆိုရအောင်လည်း သံကွင်းဘာညာမပါတာမလို့ ဒီအတိုင်းအပြားပဲခေါ်ရမှာပေါ့။ ဒီဟာလေးတစ်ခုရတာကို မောင်က ဘာလို့များအရမ်းပျော်နေပုံပေါက်နေရတာလဲ။

အကြည်ရောင်ထဲမှာမှ ရွှေရောင်အမှုန်လေးတွေရောစပ်နေသောဟာ‌ေလးက ရိုးရိုးလေးနဲ့လှတော့လှသည်။ မသေမချာနဲ့ မြင်လိုက်ရတဲ့အရာကြောင့် ခေါင်ရန်းဖုန်းကိုလက်ထဲက ချလိုက်ကာ မောင့်ရှေ့လက်ဖြန့်တော့ မောင်က အလိုက်သိစွာဖြင့် ခေါင်ရန်းလက်ထဲထည့်ပေး၏။

လက်ထဲရောက်လာသည့်ဟာလေးကိုသေချာကိုင်တွယ်ကြည့်ရင်း ခေါင်ရန်းမှာ တအံ့တဩဖြစ်သွားရ၏။

"မောင့်..ဒီ..ဒီထဲကဟာက.."

"ပေါင်ပေါင်းရဲ့ လက်သည်းစလေးတွေလေ"

"ဟမ်"

မဟုတ်လောက်ပါဘူးတွေးပေမဲ့ တကယ်ကြီးဖြစ်နေတဲ့အခါ ခေါင်ရန်းမှာ ဘာပြန်ပြောရမှန်းမသိ။ မောင်ကတော့ ခပ်ပြုံးပြုံးဖြင့်

သခင်ကြင်လျှင် ပန်တော်မူ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆)Donde viven las historias. Descúbrelo ahora