❀သခင်ကြင်လျှင် ပန်တော်မူ❀ အခန်း(၃၂)
~~~~~~~~~~~~~~~~~~~~~~~~~
"Hello ငယ်လေး""ကိုကြီးတို့ မလာနဲ့တော့၊ ငယ်လေးတို့ဘာသာ ကားဌားလာတယ်"
"ဟုတ်လား၊ ဝင့်ဝါရောပါလာတာလား"
"ဟုတ်ကိုကြီး ပါတယ်၊ ဒါဆို ငယ်လေးဖုန်းချလိုက်တော့မယ်"
"အေး အေး"
ခေါင်ရန်း ဖုန်းချပြီးသည်နှင့် မောင်က အနောက်သို့ရောက်လာ၏။
"ငယ်လေးဆီ သွားမယ်ဆို"
"မသွားတော့ဘူး၊ ငယ်လေးသူ့ဘာသာပြန်လာပြီတဲ့"
"ဟုတ်လား"
"ဟုတ်လား မနေနဲ့၊ ဝင့်ဝါပါပါလာတယ် ဒီမှာက ကျွေးဖို့ဘာမှမရှိဘူး၊ အဲ့ဒါမောင့်ကြောင့်"
ခေါင်ရန်းက ပြောလည်းပြောကာ မောင့်ဗိုက်ခေါက်ကိုဆွဲလိုက်၏။
"အား နာတယ် ပေါင်ပေါင်းရ"
"ခံပေါ့၊ ပြောတော့ မုန်လာဥလှီးတာက အလွယ်လေးပါဆို အခုကြည့်ဦး၊ အတုံးလိုက်အတစ်လိုက်တွေလုပ်ထားတာ ဘယ်လိုချက်ရမလဲ"
"ဟီး ပေါင်ပေါင်းကလည်း၊ မောင်လည်း လွယ်မယ်ထင်ထားတာလေ ခက်သွားတာတွေမတတ်နိုင်ဘူး၊ အခု အဲ့ဒါတွေ ဘယ်လိုလုပ်မလဲ"
"ဘယ်လိုလုပ်ရမလဲ လွှင့်ပစ်ရမှာပေါ့၊ နှမြောစရာကောင်းလိုက်တာ၊ မောင့်ကိုတွေးလေ ရိုက်ချင်လေပဲ၊ မလုပ်တတ်ရင် မလုပ်တတ်ဘူးမပြောဘူး"
ခေါင်ရန်းက ခပ်တည်တည်နဲ့ ဆူပြန်တော့ ချက်ချင်းမျက်နှာလေးငယ်ကာ
"ပေါင်ပေါင်းက မောင့်ကို အဲ့မုန်လာဥလေးကြောင့် ရိုက်ချင်တာလား၊ ရိုက်ပါ ရိုက်ပါ။ ဪ ဘ၀ ဘ၀ ဒီကောင့်ဘဝက မုန်လာဥလောက်တောင် တန်ဖိုးမရှိပါလားနော်"
"လက်ရုံးသခင်တို့များ အကယ်ဒမီရှော့ပဲနော်၊ ခုနက ခြံထဲမှာတုန်းက အဲ့မျက်နှာမဟုတ်ဘူး"
"ဟီး ဒါကတော့ အခြေအနေနဲ့အချိန်အခါအလိုက်ပေါ့"
"အဲ့ဒါအရေးမကြီးဘူး၊ ငါတို့က ကိစ္စမရှိဘူး မေမေကအဓိက၊ မေမေ့အတွက် ဘာလုပ်ပေးရမလဲတောင်မသိဘူး၊ မေမေက မုန်လာဥချဉ်ဟင်းနဲ့ ငါးကြော်နှပ်စားချင်တယ်ဆိုလို့ ဒီညနေချက်ကျွေးမလို့ကို ဟင်း.."

أنت تقرأ
သခင်ကြင်လျှင် ပန်တော်မူ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆)
عاطفيةမြွေက သွေးအေး သတ္တဝါလို့ပြောရင် ခင်ဗျားပုံပြပြီးငြင်းခဲ့ရဦးမယ်။ တကယ်ပဲ ကိုယ့်ချစ်သူအပေါ် သွေးအေးချက်က လက်လန်တယ် (Normal ကနေ Version ပြောင်း၊ အခန်းသစ်ထပ်ထည့်ပြီးရေးထားတာမလို့ အဆင်ပြေမှဖတ်ပေးပါနော်)