Chapter 31

2K 171 2
                                    


အပိုင်း (၃၁) အမဲသားနှပ် ခေါက်ဆွဲ


ဆုယောင်၏ ရင်ထဲတွင် အဖြေရှာမရသော မေးခွန်းပေါင်းများစွာ ရှိနေခဲ့သည်။

နောက်ဆုံးတွင် ဆုယောင်က သူမ၏ မိဘများကို သွားတွေ့ကာ တိတ်တဆိတ် ဒီအန်အေ စစ်ဆေးမည်ဟု ဆုံးဖြတ်လိုက်၏။

အကြောင်းမှာ မူလဆုယောင်က သူမ၏ မိသားစုထံမှ အမျိုးစုံ နှိပ်စက်ခံခဲ့ရသောကြောင့် ဖြစ်သည်။

ယခု ဆုယောင်ကဲ့သို့ သာမန် မိသားစုတွင် ကြီးပြင်းလာခဲ့ရသော သူမအတွက် ယခင်ဆုယောင်၏ ကိစ္စမှာ အထူးအဆန်း ဖြစ်နေခဲ့သည်။

အကယ်၍ အမှန်တကယ် သွေးသားတော်စပ်နေပါက ဆုယောင်က ထိုကိစ္စကို မေ့ပစ်လိုက်မည် ဖြစ်သည်။

"ငါတို့ မနက်ဖြန် ဘာစားရမှာလဲ ဆုယောင်"

ထိုအချိန်တွင် ဝမ်ယုက ရေချိုးခန်းထဲမှ ထွက်လာပြီး ဗိုက်ကိုပွတ်ကာ ပျော်ရွှင်စွာ မေးလိုက်သည်။

"နင် မနက်ဖြန် မနက် ထချက်ရင် ငါ့ကိုလည်း ခေါ်နော်။ ငါ ဆေးကြောတာ ကူလုပ်ပေးမယ်"

"နင်ပြောတော့ မီးဖိုခန်းထဲ မဝင်ဘူးဆို"

ချောင်မန်လင်းက မိတ်ကပ်ဖျက်နေရင်းဖြင့် ဝမ်ယုကို လှမ်းကြည့်ကာ ထိုသို့ ပြောလိုက်သည်။

"မီးဖိုခန်းထဲ မဝင်ဘူးလို့ပဲ ပြောတာလေ။ ဘာအလုပ်မှ မလုပ်ပေးဘူးလို့ ပြောတာမှ မဟုတ်တာ။ အသီးအရွက်တွေ ဆေးတာနဲ့ ပန်းကန်ဆေးတာလောက်တော့ လုပ်တတ်ပါတယ်။ ပြီးတော့ မီးဖိုခန်းက အပြင်ဘက်မှာ ဆိုတော့ မီးခိုငွေ့မွှန်မှာ မကြောက်ရဘူးလေ" ဟု ဝမ်ယုက ယုံကြည်ချက်ရှိရှိ ပြန်ပြောလိုက်သည်။

ထိုအခါ ချောင်မန်လင်းက ဆွံ့အသွားပြီး လက်မကိုသာ ထောင်ပြလိုက်၏။

ထို့နောက် ဆုယောင်ကို လှမ်းကြည့်ကာ "ဒါဆို ငါတို့ မနက်ဖြန် ဘာစားကြမလဲ။ ဖက်ထုပ်အိုးကပ်ကြော်ပဲ လုပ်စားကြဦးမလား" ဟု ပြောလိုက်သည်။

ဆုယောင်က ဈေးမှ ဝယ်လာသော ပစ္စည်းများကို တစ်ချက် စဉ်းစားလိုက်ကာ "အမဲသားနှပ် ခေါက်ဆွဲချက်မယ်" ဟု ပြောလိုက်သည်။

ထိုအခါ ချောင်မန်လင်းနှင့် ဝမ်ယုတို့က မျက်လုံးအဝိုင်းသား ဖြစ်သွားကြတော့သည်။

တစ်နာရီခွဲ ကြာပြီးနောက် မိန်းကလေးများ အားလုံး ဆေးကြော သန့်စင်ပြီးသွားသဖြင့် သာမန်အဝတ်အစားများကို ဝတ်ကာ ကားပေါ်မှ ဆင်းလာခဲ့ကြ၏။

ယောက်ျားလေးများ ဆေးကြောသန့်စင်သည့်အချိန်က မိန်းကလေးများထက် ပိုမြန်၍ လေးယောက် ရေချိုးသည့်ကြာချိန်မှာ နာရီဝက်သာ ကြာမြင့်ခဲ့သည်။

အားလုံး ဆေးကြော သန့်စင်ပြီးသောအခါ ခုနှစ်
ယောက်သား တဲရှေ့တွင် ဝိုင်းဖွဲ့ထိုင်ကာ အမေးအဖြေ ကဏ္ဍကို ရိုက်ကူးခဲ့ကြ၏။

ပထမပိုင်းတွင် အားလုံးက အနုပညာလောကသို့ စတင် ဝင်ရောက်ခဲ့စဉ်အတွင်း ကြုံတွေ့ခဲ့ရသည့် အခက်အခဲများကို ဖွင့်ဟပြောဆိုနေခဲ့ကြသည်။

သို့သော် ထိုအချိန်တွင် ဆုယောင်နှင့် စုန့်ရန်တို့က မျက်နှာပူစွာဖြင့် တိတ်ဆိတ်နေခဲ့ကြ၏။

အကြောင်းမှာ တစ်ယောက်က အိမ်တွင် ချက်ပြုတ်နည်းများကိုသာ နေ့တိုင်း လေ့လာနေခဲ့ပြီး နောက်တစ်ယောက်က ချမ်းချမ်းသာသာဖြင့် ဇိမ်ယူ ဖြတ်သန်းနေခဲ့သောကြောင့် ဖြစ်သည်။

ထို့ကြောင့် ထိုအကြောင်းအရာတွင် ဆုယောင်တို့က ဝင်မပြောကြပေ။

ကံကောင်းသည်မှာ ထိုအကြောင်းအရာကို သိပ်ကြာကြာ မပြောကြဘဲ အမေးအဖြေ ကဏ္ဍကို ရောက်ရှိလာခဲ့သည်။

ဆုယောင် အလှည့်သို့ ရောက်လာသောအခါ နောက်ကျနေပြီ ဖြစ်ပြီး မေးခွန်းများက မနေ့ကလောက် မခက်ခဲခဲ့ပေ။

ယနေ့တွင် ဆုယောင်၏ ငါးဟင်းရည်ကြောင့် ရိုက်ကူးရေး အဖွဲ့သားများ၏ သဘောထားက ပြောင်းလဲသွားကာ မနေ့ကကဲ့သို့ "လူသားအရင်းအမြစ်ရဲ့ ပြဿနာက ဘာလို့ထင်လဲ" ၊ "မင်းရဲ့ လူမှုဆက်ဆံရေးကို ဘယ်လိုထင်လဲ" အစရှိသည့် မေးခွန်းများ မဟုတ်တော့ပေ။

"ဘယ်အချိန်ကစပြီး ဆုယောင် ချက်ပြုတ်နည်းကို သင်ခဲ့တာလဲ"

"ဆုယောင်ရဲ့ ငယ်ဘဝက ဘယ်လိုမျိုးလဲ"

"သရုပ်ဆောင်တာနဲ့ ချက်ပြုတ်ရတာ ဘယ်ဟာကို ပိုသဘောကျလဲ"

"ဒီအဖွဲ့ထဲက လူတွေက မင်းကို ကောင်းကောင်း ဆက်ဆံကြတယ်လို့ ထင်လား"

ယနေ့ မေးလာသော မေးခွန်းများမှာ ဖြေရန် လွယ်ကူလှသဖြင့် ဆုယောင်က တိုတိုနှင့် လိုရင်းကို ဖြေဆိုခဲ့သည်။

....

နောက်တစ်နေ့ မနက်တွင် ဆုယောင်၏ ဖုန်းမှ နှိုးစက်သံ မြည်လာခဲ့သည်။

ထို့ကြောင့် ဆုယောင်က မျက်လုံးဖွင့်လာကာ နှိုးစက်ကို ပိတ်ပြီး အိပ်ယာပေါ်တွင် ထထိုင်လိုက်သည်။

ထို့နောက် ဆေးကြော သန့်စင်ကာ မိတ်ကပ်လိမ်းခြယ်လိုက်သည်။

ပြီးမှ အိုး၊ ခွက်များကို သယ်ကာ ကားပေါ်မှ ဆင်းရန် ပြင်ဆင်လိုက်သည်။

ဆုယောင် ကားပေါ်မှ မဆင်းခင်တွင် ချောင်မန်လင်းက နိုးလာပြီး "နိုးနေပြီလား ဆုယောင်။ ညက နင် နောက်ကျမှ အိပ်တာ မဟုတ်ဘူးလား" ဟု မေးလိုက်သည်။

"ရပါတယ်။ အစ်မတို့ ဆက်အိပ်နေလိုက်နော်"

ဆုယောင်က အဆင်ပြေသည်ဟု ပြောနေသော်လည်း နှုတ်ကမူ သမ်းဝေနေခဲ့သည်။

မနေ့ညက ဆုယောင်တို့ ကားပေါ်တွင် ညဉ့်နက်သည်အထိ မအိပ်ဘဲ စကားပြောနေခဲ့ကြသဖြင့် အိပ်ယာဝင် နောက်ကျသွားခဲ့၏။

ဆုယောင်က မျက်နှာကို ပုတ်ကာ ပစ္စည်းများဖြင့် ကားပေါ်မှ ဆင်းလာခဲ့သည်။

"အားလုံးပဲ ဂွတ်မောနင်းပါ"

ရိုက်ကူးရေး အဖွဲ့သားများက သူမကို ရိုက်ကူးနေကြသောအခါ ဆုယောင်က ပြုံးပြပြီး ချိုသာစွာ နှုတ်ဆက်လိုက်သည်။

ထို့နောက် သူမတစ်ယောက်တည်း အမဲသားနှပ် ခေါက်ဆွဲကို ချက်ပြုတ်ရန် ပြင်ဆင်လိုက်သည်။

ဆုယောင်က အရင်ဆုံး အမဲသားအတုံးကြီး တစ်တုံး

ကို ဓားဖြင့် အတုံးသေးများ တုံးလိုက်သည်။

ထို့နောက် ရေထည့်ထားသောအိုးထဲသို့ ထည့်ကာ မီးမွှေးပြီး ပြုတ်လိုက်သည်။

ဆုယောင် စိတ်ပူနေသည့် ကိစ္စမှာ လူအများစာ ခေါက်ဆွဲလုပ်ရန်အတွက် ဂျုံနယ်မည့် ခုံမှာ သေးနေသောကြောင့် ဖြစ်သည်။

"ငါ မနေ့က အပျော်လွန်ပြီး ခုံအကြီးကို စတိုခန်းထဲ ဘယ်လိုထည့်လိုက်တာပါလိမ့်"

ဆုယောင်က ရိုက်ကူးနေသော ပီဒီများကို တစ်ချက်ကြည့်လိုက်၊ တဲများကို တစ်ချက်ကြည့်လိုက်ဖြင့် အလုပ်များနေရာ ထိုအချိန်တွင် တဲတစ်ခုမှ လှုပ်ရှားမှုကို တွေ့လိုက်ရသဖြင့် စိတ်အေးသွားတော့သည်။

တဲထဲမှ စုန့်ရန်က အိပ်ရေးမဝသည့် မျက်နှာဖြင့် ထွက်လာခဲ့သည်။

ဆုယောင်က ထိုတဲမှ ဟောက်သံကို အချိန်အတော်
ကြာ ကြားနေရသဖြင့် ဟောက်သည့်သူ၏ ဘေးတွင် အိပ်သောသူကို သနားနေမိရာ ယခု စုန့်ရန် ဖြစ်နေသဖြင့် ပြုံးရယ်မိသွားတော့သည်။

"ခစ် ခစ်"

ဆုယောင်က ပါးစပ်ကို လက်ဖြင့်အုပ်ကာ တိတ်တခိုး ရယ်လိုက်သည်။

စုန့်ရန်က တစ်ညလုံး ကောင်းကောင်း မအိပ်ခဲ့ရသဖြင့် ခေါင်းကိုက်နေရာ ဆုယောင် ရယ်နေသည်ကို မြင်လိုက်သောအခါ "မင်း ဘာတွေ ရယ်နေတာလဲ" ဟု ထမေးလိုက်သည်။

"ဘာမှ မဟုတ်ပါဘူး။ ကျွန်မ မနက်စာ လုပ်ချင်လို့ အဲ့ဒါ စားပွဲခုံလေး ယူပေးလို့ ရမလား ခေါင်းဆောင်" ဟု ဆုယောင်က စုန့်ရန်ကို အကူအညီ လှမ်းတောင်းလိုက်သည်။

စုန့်ရန်က ဆုယောင် မနက်စာ ချက်နေသည်ဟူသော စကားကို ကြားလိုက်ရသောအခါ မျက်နှာကြောက ပြေလျော့သွားပြီး စတိုခန်းကို ဖွင့်ကာ စားပွဲခုံကို
ထုတ်ယူလိုက်သည်။

ထို့နောက် မြေကြီးပေါ်တွင် နေရာချပေးလိုက်ကာ "မနက်စာ ဘာချက်မှာလဲ။ ကူညီပေးရဦးမလား" ဟု မေးလိုက်သည်။

"အမဲသားနှပ် ခေါက်ဆွဲ လုပ်မလို့ ခေါင်းဆောင်။ ရှင် စားပွဲခုံ ကူထုတ်ပေးတာကိုက အကူအညီ ဖြစ်နေပါပြီ။ ကျန်တာကို ကျွန်မပဲ ဆက်လုပ်လိုက်မယ်"

ဆုယောင်က လက်ကာပြီး ပြောလိုက်သဖြင့် စုန့်ရန်က မနှောင့်ယှက်တော့ပေ။

စုန့်ရန်က ဆေးကြောသန့်စင်ပြီးနောက် ခုံတစ်လုံးကို ချကာ ဆုယောင် ချက်ပြုတ်နေသည်ကို ဘေးနားမှ တောက်လျှောက် ထိုင်ကြည့်နေခဲ့သည်။

ဘေးနားရှိ ဝန်ထမ်းများကိုလည်း "စားရဖို့ တွေးမနေကြနဲ့နော်" ဟူသော အကြည့်ဖြင့် လှမ်းကြည့်လိုက်သေး၏။

တရုတ်နိုင်ငံ၏ တောင်နှင့်မြောက် စားသောက်သည့် ပုံစံမှာ မတူညီပေ။

ဥပမာအားဖြင့် မနက်စာဆိုလျှင် တောင်ပိုင်းက လူများက ဆန်ပြုတ်၊ အီကြာကွေး၊ ဖက်ထုပ် အစရှိသည်များကို စားကြပြီး မြောက်ပိုင်းသားများက ပေါက်စီ၊ မန်ထို၊ ပေါင်မုန့်၊ ခေါက်ဆွဲ အစရှိသည်တို့ကို စားကြ‌လေ့ရှိသည်။

ဆုယောင်က တောင်ပိုင်းသူ ဖြစ်သော်လည်း မိဘများက အစားအသောက်တွင် နယ်မြေပိုင်းခြားထားခြင်း မရှိဟု သင်ပေးထားသဖြင့် အစားအသောက်မျိုးစုံကို ကြိုက်နှစ်သက်သည်။

ဆုယောင်အတွက် ဂျုံနယ်သည့်ကိစ္စမှာ နေ့စဉ်အလုပ်ကဲ့သို့ပင် လွယ်ကူလွန်းလှသည်။

သို့သော် ယခု၌မူ ဤခန္ဓာကိုယ်က အလွန်အားနည်းသဖြင့် ဂျုံနယ်ရန်ပင် ခက်ခဲနေ၏။

စုန့်ရန်က ချက်ပြုတ်နေသော ဆုယောင်ကို ကြည့်ပြီး "စာဖိုမှူးလောက် ကျွမ်းကျွမ်းကျင်ကျင် ချက်နိုင်တဲ့ အနုပညာရှင်က ရှားတယ်" ဟု ရေရွတ်လိုက်ကာ ဆုယောင်ကို ပို၍ စိတ်ဝင်စားလာတော့သည်။

ဆုယောင်ကမူ ဂျုံနယ်ရန်ကိုသာ အာရုံစိုက်နေသဖြင့် စုန့်ရန်၏ တီးတိုးသံကို မကြားမိလိုက်ပေ။

ထိုအချိန်တွင် မီးဖိုပေါ်မှ အမဲသားအိုးက ဆူပွက်လာသဖြင့် အမြှုပ်များကို ဖယ်ကာ အရသာများထည့်၍ ပေါင်းအိုးထဲသို့ ပြောင်းထည့်ပြီး ထပ်တည်လိုက်သည်။

ထို့နောက် ဆုယောင်က ဂျုံကို ဖြည်းဖြည်းချင်း စနယ်လိုက်၏။

ဂျုံနယ်ရသည့် အလုပ်မှာ ခက်ခဲလှသဖြင့် ဆုယောင်က အားစိုက်ကာ နယ်နေရတော့သည်။

ဆုယောင်က ဂျုံထဲတွင် အယ်ကာလီနှင့် ဆားအနည်းငယ် ထည့်ကာ မြန်မြန်ဆန်ဆန် နယ်လိုက်သည်။

"ကျွီ ကျွီ"

ဆုယောင်၏ ဖိနယ်မှုကြောင့် စားပွဲခုံက အသံမြည်
လာခဲ့သည်။

ဆုယောင်ကမူ ဂျုံကိုသာ အာရုံစိုက်နယ်နေသဖြင့် သတိမထားမိခဲ့ပေ။

ဆုယောင်က ပင်ပင်ပန်းပန်း အားစိုက်ပြီး နယ်နေရသဖြင့် နဖူးတွင် ချွေးများ စို့လာ‌ခဲ့သည်။

ဂျုံသားကို ချောမွေ့အောင် ဆယ်မိနစ်ခန့် အားစိုက်နယ်ပေးရမည် ဖြစ်သဖြင့် ဆုယောင်က အားကုန်ထုတ်သုံးကာ နယ်နေတော့သည်။

"ငါ ကူညီပေးရမလား"

စုန့်ရန်က သူမ၏ နဖူးပေါ်မှ ချွေးများကို သုတ်ပေးလိုက်ကာ ထိုသို့ မေးလာခဲ့သည်။

"ရပါတယ်။ ကျွန်မ လုပ်နိုင်ပါတယ်"

စုန့်ရန်က ဆုယောင်ကို ဂရုစိုက်ပေးနေရင်းဖြင့် ဂျုံလုံးကို ကြည့်လိုက်ကာ "ခုနှစ်ယောက်စာ လောက်ပါ့မလား" ဟု မေးလိုက်တော့သည်။

ဆုယောင်က စုန့်ရန်၏ ဆိုလိုရင်းကို သဘောပေါက်သွားသဖြင့် ခဏရပ်လိုက်ကာ "စိတ်မပူပါနဲ့။ ကျွန်မ ဆယ်ယောက်စာတောင် လုပ်ထားတာ။ ကျွန်မတို့ ခုနှစ်ယောက် ကောင်းကောင်း စားလို့လောက်တယ်" ဟု ပြန်ပြောလိုက်သည်။

စုန့်ရန်က ကျေနပ်သွားပြီး ဆုယောင်၏ ချွေးများကို သုတ်ပေးကာ ပြန်ထိုင်လိုက်၏။

ရိုက်ကူးနေသော ပီဒီများကမူ မနက်စောစောစီးစီး ထိုမြင်ကွင်းကို မြင်လိုက်ရသဖြင့် ဆွံ့အနေကြတော့သည်။


...…….................................
.........................................


အပိုင်း (၃၁) ပြီးပါပြီ။

ငါလေးရဲ့ဟင်းချက်စကေးကိုကြည့်လိုက်စမ်း (Complete ✅)Where stories live. Discover now