Chapter 106
Yamin AungSeptember 25, 2023
အပိုင်း (၁၀၆)မိသားစု ပြန်လည်ဆုံစည်းသည့်ပွဲက ဆုချန်းကျန်း၏ စကားများကြောင့် ပွဲဆူသွားခဲ့သည်။
တက်ရောက်လာကြသော အမျိုးများက ဆုချန်းကျန်း၏ စကားကို နားထောင်ပြီး ဆုယောင်ထံ မလွှဲပေးသင့်ကြောင့် ထောက်ပြလာကြတော့သည်။
ထို့အပြင် ရီပင်းရှန်၏ ဆက်ခံသူ ရွေးချယ်မှုက ဆုချန်းဝမ် တစ်ယောက်တည်း၏ လုပ်ပိုင်ခွင့် မဟုတ်သဖြင့် အမျိုးများက ဝင်ပါလာကြတော့သည်။
"ဟုတ်တယ်။ နှစ်ပေါင်းများစွာ ရပ်တည်လာတဲ့ ဆုမိသားစုရဲ့ စီးပွားရေးက ကလေးမလေး တစ်ယောက်ကြောင့် ပျက်စီးသွားလို့ မဖြစ်ဘူး"
"ဒါပေမယ့် ဆုရှန်ဖွင့်ထားတဲ့ စားသောက်ဆိုင်က စားသောက်ဆိုင်လို့တောင် မခေါ်သင့်ဘူးဆိုတာ သိရဲ့လား။ အရင်တစ်ခေါက်က ကျွန်တော့် သူငယ်ချင်း တစ်ယောက် သူတို့ဆိုင်က ဈေးကြီးပြီး စားမကောင်းဘူးလို့ ကျွန်တော့်ရှေ့မှာ ပြောဖူးတယ်"
"ဒါဆို သူတို့ရဲ့ ဆိုင်က အခုထိ မပိတ်ရသေးဘူးလား"
စင်အောက်မှ အမျိုးများက ဆုချန်းဝမ်၏ အမှားကို ထောက်ပြကြပြီး ဆုရှန်၏ အရည်အချင်းကို လက်မခံချင်လျှင် အခြားယောက်ျားလေး တစ်ယောက်ကို ရှာပြီး လက်လွှဲပေးသင့်သည့်အကြောင်းကို ပြောဆိုဆွေးနွေးနေခဲ့ကြသည်။
.....
ဆုချန်းဝမ်နှင့် ဆုချန်းကျန်းတို့ ဆွေးနွေးကြပြီးနောက် ပြိုင်ပွဲကို စီစဉ်လိုက်ကြသည်။
မျှမျှတတ ယှဉ်ပြိုင်နိုင်ရန်အတွက် ဆုယောင်နှင့် ဆုရှန်တို့၏ ပြိုင်ပွဲကို ဓားကိုင်ကျွမ်းကျင်မှု၊ အပူချိန် ထိန်းနိုင်မှု၊ အရသာကောင်းမွန်မှုနှင့် ပါဝင်ပစ္စည်း ကိုင်တွယ်နိုင်မှုဟူ၍ လေးပိုင်းခွဲထားလိုက်သည်။