Chapter124
Yamin AungOctober 02, 2023
အပိုင်း(၁၂၄)နှစ်သစ်၏ ပထမဆုံးနေ့၌ပင် ဆုယောင်က စုန့်ရန်၏ စားသုံးခြင်းကို ခံလိုက်ရပြီး နာကျင်မှုကို သည်းခံကာ တရားခံဖြစ်သူအတွက် ခေါက်ဆွဲပြုတ်ပေးနေခဲ့သည်။
ဆုယောင်က ခေါက်ဆွဲပြုတ်နေသော်လည်း အနောက်မှ စုန့်ရန်က တောက်လျှောက် ကပ်နေပြီး ဆုယောင် ပင်ပန်းနေလျှင် မှာစားမည်ဟု တောက်လျှောက်ပြောနေခဲ့သည်။
"ဒါဆို ဒီခေါက်ဆွဲပြုတ်တွေကို ဘယ်လိုလုပ်မလဲ"
ဆုယောင်က အလွန်ဗိုက်ဆာနေပြီ ဖြစ်သဖြင့် စုန့်ရန်ကို ရန်လိုသည့် အကြည့်ဖြင့် ကြည့်လိုက်ကာ ဘယ်ဘက် ခြေထောက်ဖြင့် ကန်လိုက်သည်။
ထိုအပြုအမူက မိန်းကလေးတစ်ယောက် မလုပ်သင့်သည့် ရိုင်းစိုင်းသော အပြုအမူ ဖြစ်နေသော်လည်း အချစ်စိတ်မွှန်နေပြီ ဖြစ်သော စုန့်ရန်အတွက် ထိုအပြုအမူကပင် ချစ်စရာကောင်းနေခဲ့သည်။
ဆုယောင်ကို ကြည့်လေလေ စုန့်ရန်က ပျော်ရွှင်လာလေလေဖြစ်ပြီး ဆုယောင်နားကို ပိုကပ်လာကာ ခါးကိုဖက်၍ ပုခုံးပေါ်တွင် မေးတင်လိုက်သည်။
"ယောင်ယောင်က အရမ်းကောင်းပေးနေတော့ ကိုယ်ပိုပိုပြီး ချစ်လာတာ ဘယ်လိုလုပ်ရမလဲ။ နောက်ပိုင်း ယောင်ယောင်သာ ကိုယ့်အနားမှာ မရှိတော့ရင် ကိုယ်နေတတ်မှာ မဟုတ်တော့ဘူး"
စုန့်ရန်က ထိုသို့ပြောရင်း ဆုယောင်၏ လည်ပင်းကို ပွတ်သပ်နေသဖြင့် ဆုယောင်က လည်ပင်းတွင်သာမက အသည်းပါ ယားလာတော့သည်။
သို့သော် ဆုယောင်က တည်ငြိမ်ချင် ယောင်ဆောင်ဆဲဖြစ်ပြီး "ရှင်မနေတတ်လည်း နေတတ်အောင် ကြိုးစားပြီး နေပေါ့" ဟုပြန်ပြောလိုက်သည်။
"မရဘူး။ ကိုယ်အခု ယောင်ယောင်မရှိဘဲ မနေနိုင်တော့ဘူး။ ယောင်ယောင်ကတော့ ကိုယ်နဲ့ခွဲနိုင်တဲ့ပုံပဲ။ ယောင်ယောင်သာ ကိုယ့်ကို လန်ဒန်ကို လိုက်ပြီး ကူခိုင်းခဲ့ရင် ခုလို ခေါက်ဆွဲပြုတ်လောက်ကတော့
ကိုယ်မပြုတ်တတ်ဘဲ နေပါ့မလား"
စုန့်ရန်၏ စကားကို ဆုယောင်က ပြန်မပြောနိုင်တော့သဖြင့် သက်ပြင်းချကာ နေလိုက်တော့သည်။