Chapter 125

833 63 0
                                    

Chapter125

YaminAungOctober 02, 2023
အပိုင်း(၁၂၅)

ဆုယောင်နှင့် စုန့်ရန်တို့က ပထမဆုံးအကြိမ်ကို အတူတူ ဖြတ်သန်းပြီးနောက် တရားဝင် ချိန်းတွေ့မှုကို လုပ်လာခဲ့ကြသည်။

ကျန့်ချင်းနှင့် ဆုချန်းဝမ်တို့က စုန့်ရန်နှင့် လိုက်သွားသော ဆုယောင်ကို ကြည့်ပြီး စိတ်မချနိုင် ဖြစ်နေခဲ့ကြသည်။

ဆုယောင်နှင့် မချစ်ကြိုက်ခင်ကလည်း ဆုယောင်၌ အလုပ်များစွာ ရှိနေပြီး ချစ်ကြိုက်ပြီးသွားသည့် အချိန်တွင်လည်း ဆုယောင်၏ အခြေအနေကြောင့် စုန့်ရန်နှင့် ဆုယောင်က အပြင်တွင် တစ်ခါမှ  မချိန်းတွေ့ခဲ့ရပေ။

ရာသီဥတု အေးသည်ကို အကြောင်းပြ၍ ဆုယောင်က လူများ သတိမထားမိစေရန် အဝတ်ထူထူ၊ ဦးထုပ်နှင့် နှာခါင်းစည်းကို တပ်ထားခဲ့သည်။

စုန့်ရန်က ကားမောင်းလာပြီး စူပါမားကတ် တစ်ခု၏ ကားပါကင်ထဲသို့ ဝင်ကာ ပါကင်ထိုးလိုက်သည်။

ထို့နောက် ဆုယောင်၏ ခါးပတ်ကို ဖြုတ်ပေးရင်း ဆုယောင်ကို နမ်းကာ ရီဝေနေသော အကြည့်များဖြင့် ကြည့်လိုက်သည်။

ဆုယောင်ကလည်း စုန့်ရန်၏ အပြုအမူကို မငြင်းဘဲ စုန့်ရန်၏ လည်ပင်းကို ဖက်ကာ ပြင်းပြင်းရှရှ နမ်းလိုက်သည်။

"ယောင်ယောင်က သင်ယူတာ မြန်သားပဲ"

စုန့်ရန်၏ စကားကြောင့် ဆုယောင်က ရှက်သွားကာ "သွားပါ အဲ့ဒါရှင့်ကြောင့်။ ရှင်မြူဆွယ်လို့ ဒီလိုဖြစ်ရတာ" ဟုပြောလိုက်သည်။

"ကိုယ့်ကြောင့် မဟုတ်ပါဘူး။ ယောင်ယောင်က ကိုယ်နဲ့ မတွေ့ရတာ ကြာသွားလို့ ကိုယ့်ရဲ့ အနမ်းတွေကို လွမ်းနေတာမလား"

အေးစက်တည်ငြိမ်သော စုန့်ရန်ထံမှ ဤကဲ့သို့ စကားမျိုး ထွက်လာမည်ဟု မည်သူက ထင်မည်နည်း။

ဆုယောင်က သူမကို စိုက်ကြည့်နေသော စုန့်ရန်ကို ကြည့်လိုက်ကာ အန္တရာယ်ရှိလာပြီဟု ခံစားမိသဖြင့် စုန့်ရန်ကို တွန်းထုတ်လိုက်သည်။

"သွား ဖယ်တော့။ ကျွန်မတို့ ရုပ်ရှင်ရုံသွားကြမယ်။ အချိန်သိပ်ကျန်တော့တာ မဟုတ်ဘူး"

ငါလေးရဲ့ဟင်းချက်စကေးကိုကြည့်လိုက်စမ်း (Complete ✅)Where stories live. Discover now