Chapter 54

1K 105 0
                                    

Chapter 54

Yamin AungAugust 02, 2023
အပိုင်း (၅၄) နို့မလိုင်ပူတင်း

နေ့လယ်စာစားပြီးနောက် လက်ဆောင်ပေးသော အချိုပွဲက စိတ်ဝင်စားစရာ အကောင်းဆုံး ဖြစ်သည်။

ဆုယောင်က မာ့ခ်ကို သကြားရည်ဖြင့် ပေါင်မုန့်၏ အပေါ်တွင် ကွန်ယက်ပုံစံ အုပ်ပြီး သကြားပေါင်ဒါမှုန့်ကို အပေါ်မှ ဖြူးလိုက်လျှင် ဟင်းပွဲပုံစံမှာ အလွန် စွဲမက်စရာကောင်းမည်ဟု တွေးဆလိုက်သည်။

ထို့နောက် ဆုယောင်က ပြန်သွားလျှင် ထိုဟင်းပွဲကို တီထွင်ပြီး ကြိုးစားကြည့်မည်ဟု စဉ်းစားလိုက်သည်။

"ချောကလက်အလွှာ ထပ်စမ်းလိုက်ရင်လည်း ရလောက်မယ်"

ဆုယောင်က ကား‌ထဲတွင် ထိုင်ကာ ဘောပင်ကိုကိုက်ပြီး အကြံဉာဏ်သစ်များကို ထုတ်နေခဲ့သည်။

ပေါင်းစပ်နည်းမျိုးစုံကို ချရေးပြီး ထွက်လာမည့် အရသာကိုပါ ချရေးနေသည်။

သူမ၏ အတည်ပေါက် အမူအရာက အားလုံးကို အံ့အားသင့်သွားစေသည်။

ထို့နောက် ဆုယောင် ပြောခဲ့ဖူးသော စားသောက်ဆိုင်ဖွင့်မည်ဟူသည့် စကားမှာ အတည်ပြောနေခြင်း ဖြစ်ကြောင်းကို နားလည်သွားကြသည်။

မကြာခင်တွင် ဆုယောင်တို့ ခရီးသွားကားက မြို့ကို စွန့်ခွာလာခဲ့သည်။

နေရာအနှံ့ လျှောက်လည်ပြီး ပင်ပန်းနေကြသော အဖွဲ့သားများက နှစ်ရက်ကြာ နားပြီးနောက် အားအင်အပြည့် ဖြစ်နေခဲ့ကြသည်။

စိုက်ပျိုးမြေထဲတွင် နှစ်ရက်ကြာ ရိုက်ကူးရေး လုပ်ပြီးနောက် ရိုက်ကူးရေး အဖွဲ့က ထိုနည်းဖြင့် ရိုက်ကူး‌လျှင် အဆင်မပြေမှန်း တွေ့ရှိခဲ့ကြသည်။

ထို့ကြောင့် မြို့မှ ထွက်လာသောအခါ ဒါရိုက်တာကွမ်က ဆုယောင်တို့ အဖွဲ့သားများကို စုပြီး လူသွား လူလာများသော အထင်ကရနေရာများဆီသို့ လမ်းကြောင်းပြောင်းရန် ပြောဆိုလိုက်သည်။

နေ့တိုင်း စားနေ၊ သောက်နေသည့် ပုံစံကို ရိုက်ကူးနေရမည့်အစား အခြားနေရာများတွင် လူအများနှင့် ထိတွေ့ဆက်ဆံသည့် မြင်ကွင်းကို ရိုက်ကူးချင်နေကြသည်။

ငါလေးရဲ့ဟင်းချက်စကေးကိုကြည့်လိုက်စမ်း (Complete ✅)Donde viven las historias. Descúbrelo ahora