Chapter 120

864 66 0
                                    

Chapter120

Yamin AungOctober 02, 2023
အပိုင်း (၁၂၀)

စုန့်ရန်က လေယာဉ်ပေါ်က ဆင်းဆင်းပြီးချင်း ဆုယောင်တို့၏ စားသောက်ဆိုင်သို့ တန်းသွားလိုက်သည်။

ဆုယောင်တို့၏ ဆိုင်ရှေ့သို့ ရောက်သောအခါ တန်းစီနေသော လူတန်းကြီးကို တွေ့လိုက်ရသည်။

ရာသီဥတု အေးစက်နေသောကြောင့် သော်လည်းကောင်း၊ ကင်မရာထဲတွင် မရိုက်မိ‌စေရန် အတွက်သော်လည်းကောင် စုန့်ရန်က အဝတ်ထူထူ ဝတ်ထားကာ ဦးထုပ်၊ နှာခေါင်းစည်းများကို တပ်ဆင်ထားခဲ့သည်။

တန်းစီနေသော လူများ၏ နောက်တွင် စုန့်ရန်က တန်းစီလိုက်ရင်းဖြင့် နောက်ကျောကို စားသောက်ဆိုင်သို့ လာသော မိန်းကလေးတစ်ယောက်က မတော်တဆ ဝင်ဆောင့်လာခဲ့သည်။

"အိုး ဆောရီး"

ထိုမိန်းကလေးက စုန့်ရန်၏ နောက်ကျောမှ ‌ပူဒီနာ ရေမွှေးအနံ့ကို ရလိုက်သဖြင့် စုန့်ရန်ကို ကြည့်လိုက်ကာ တောင်းပန်လိုက်သည်။

စုန့်ရန်က ခေါင်းစောင်းပြီး "ရတယ် အဆင်ပြေတယ်" ဟု ပြောလိုက်သည်။

ထို့နောက် ထိုမိန်းကလေးက တစ်ယောက်တည်း လာသော စုန့်ရန်ကို ကြည့်ပြီး "ရှင်တစ်ယောက်တည်း လာတာလား။ တစ်ယောက်တည်းဆို ဟိုကောင်တာဘေးက တစ်ယောက်ထိုင်ခုံတွေ အားတဲ့အထိ စောင့်ရမှာနော်။ ကျွန်မတို့နဲ့ ပေါင်းပြီး လေးယောက်ခုံမှ ထိုင်ချင်လား" ဟု မေးလိုက်သည်။

ထိုမိန်းကလေး၏ စကားကြောင့် စုန့်ရန်က ကောင်တာဘေးမှ စားပွဲခုံတန်းရှည်ကို လှမ်းကြည့်လိုက်ပြီး သူ၏ အရှေ့မှ တစ်ယောက်တည်း လာပုံရသော သက်လတ်ပိုင်း အမျိုးသား၏ ပုခုံးကို ပုတ်ကာ "ဟယ်လို မင်းလည်း တစ်ယောက်တည်း လာတာလား။ ငါတို့တူတူ တစ်ဝိုင်းတည်း ထိုင်ကြမလား" ဟု မေးလိုက်သည်။

ထိုအခါ ထိုအမျိုးသားက ဝမ်းသာအားရဖြင့် "အိုကေ ထိုင်ကြမယ်" ဟု ပြန်ပြောလိုက်သည်။

ငါလေးရဲ့ဟင်းချက်စကေးကိုကြည့်လိုက်စမ်း (Complete ✅)Where stories live. Discover now