Chapter 50
Yamin AungJuly 29, 2023
အပိုင်း (၅၀) အမဲသားစွပ်ပြုတ်ညစာ အစားအသောက်များကို ဂျိုးနှင့် မာ့ခ်တို့အပါအဝင် အားလုံးက ကျေနပ်ကြသည်။
စားရင်း သောက်ရင်း စကားပြောရင်းဖြင့် အချိန်ကုန်လာခဲ့ရာ စားပွဲပေါ်ရှိ အစားအသောက်များနှင့် မာ့ခ် ဧည့်ခံသော ဝိုင်နှစ်ပုလင်းက အနည်းငယ်မျှသာ ကျန်တော့သည်။
သို့သော် ပြောင်လက်အောင် စားထားသော ဟင်းပွဲမှာ အမဲသားစွပ်ပြုတ် ဖြစ်သည်။
ထိုဟင်းပွဲကို အနီရောင် အရည်များမှလွဲပြီး နံနံပင်နှင့် တရုတ်မုန်ညင်းများကိုပါ အကုန်စားထားကြသည်။
Vitch နှင့် Lan တို့ကလည်း ကြက်ဥပေါင်းနှင့် ဝက်နံရိုးချိုချဉ်ကို အလွန်ကြိုက်နှစ်သက်ကြသည်။
ထိုဟင်းပွဲများကို ဆုယောင် ချက်ထားမှန်း သိသဖြင့် ကလေးနှစ်ယောက်က ဆုယောင်အနားတွင် ဝိုင်းကာ ဆုယောင်ကို ဖက်ထားကြသည်။
ဆုယောင်က ကလေးများကို ဖက်ထားပြီး ပျော်ရွှင်စွာ စကားပြောနေခဲ့သည်။
Vitch ကအစကတည်းက ဆုယောင်ကိုသာ တောက်လျှောက်ကပ်နေခဲ့သည်ကို အားလုံးက သိထားကြသည်။
သို့သော် စုန့်ရန်နားကပ်နေသော Lan ကရုတ်တရက် စုန့်ရန်ကို စွန့်ခွာပြီး ဆုယောင်နားကို ကပ်နေသောအခါ အစားအသောက်ကြောင့် ဖြစ်မည်ဟု အားလုံးက ထင်မှတ်လိုက်ကြသည်။
အမှန်စင်စစ် Lan က ယောက်ျားဆန်သော ယောက်ျားများက အနေအေးပြီး မရယ်မပြုံး နေတတ်မည်ဟု ထင်ထားသော်လည်း စုန့်ရန် မသိမသာ ပြုံးလိုက်သည်ကို မြင်လိုက်ရသောကြောင့် အနားမကပ်တော့ခြင်း ဖြစ်သည်။
"မင်းတို့လေးတွေက ဘာလို့ ဒီလောက်တောင် ချစ်ဖို့ကောင်းနေတာလဲ"
ဆုယောင်က ကလေးနှစ်ယောက်၏ ပါးကို ဆွဲညှစ်လိုက်ပြီး ကလေးများကို တစ်ခုခုပေးရန် စဉ်းစားလိုက်သည်။
"ချွင် ချွင်!"
ထိုအချိန်တွင် စားသောက်ဆိုင် တံခါးက ပွင့်လာပြီး ယောက်ျားနှင့် မိန်းမ နှစ်ယောက်က ဆိုင်ထဲသို့ ဝင်လာခဲ့သည်။