Chapter 126

824 58 0
                                    

Chapter126

Yamin AungOctober 02, 2023
အပိုင်း(၁၂၆)

စုန့်ရန်၏ အလုပ်လုပ်သည့် မြန်ဆန်မှုနှုန်းကြောင့် ဆုယောင်က ဆုချသည့်ရက် မရောက်ခင်၌ပင် ဆုယောင်အတွက် စားသောက်ဆိုင်ဖွင့်ရန် နေရာကို ရှာတွေ့ခဲ့သည်။

ထိုနေရာက ရီပင်းရှန်နှင့် မနီးမဝေးတွင် ရှိသော စီပွားပျက်သွားသည့် အနောက်တိုင်း စားသောက်ဆိုင်တစ်ခုဖြစ်သည်။

ထိုစားသောက်ဆိုင်၏ တည်နေရာက စူပါမားကတ်အနီးတွင် ရှိသည့်အပြင် လူနေရပ်ကွက်နှင့်ပါ နီးသောကြောင့် နေရာကောင်းတစ်ခု ဖြစ်သည်။

အဓိက လမ်းမကြီးနှင့်ပါ မဝေးလှသဖြင့် ဆုယောင်က ထိုဆိုင်ကို အလွန်ပင် သဘောကျနေခဲ့သည်။

မီးဖိုခန်းထဲတွင်လည်း လေစုပ်စက်များကို အသေအချာ တပ်ဆင်ထားသဖြင့် ပြန်လည် ပြုပြင်ရန်ပင် မလိုတော့ပေ။

ဤမျှကောင်းလှသော စားသောက်ဆိုင်က အရင်းပြုတ်သွားသည် ဆိုသည့် အချက်ကြောင့် ဆုယောင်က သိချင်စိတ်များ ပေါ်လာခဲ့သည်။

"ဆိုင်အတွက်ကိုတောင် ဒီလောက် ပိုက်ဆံအများကြီး သုံးထားတာ စာဖိုမှူးကောင်းကောင်း မခန့်ထားနိုင်တာတော့ မဟုတ်လောက်ဘူး"

ထိုအတွေးများကို မထိန်းချုပ်နိုင်တော့သဖြင့် ဆုယောင်က သူဌေးကိုကြည့်ကာ "ဒီလောက်ကောင်းတဲ့ နေရာမှာ ဖွင့်ထားပြီး ဘာလို့အမြတ်မရတာလဲဟင်" ဟုမေးလိုက်သည်။

ထိုအခါ ဆိုင်ပိုင်ရှင်က ခေါင်းကုတ်ပြီး နိုင်ငံခြားသား စာဖိုမှူးကို ငှားရမ်းခဲ့သည့် အကြောင်းကြောင့် အရှုံးပေါ်သွားရခြင်း ဖြစ်သည်ဟု ပြောပြလိုက်သည်။

ဆိုင်အတွင်းပိုင်းကို လှည့်လည်ကြည့်ရှုပြီးနောက် ဆုယောင်က အလွန်ပင် သဘောကျနေသဖြင့် ချက်ချင်းပင် စာချုပ်ချုပ်လိုက်တော့သည်။

ဆိုင်ပိုင်ရှင်က နာမည်ကြီးစတားများကို မသိသူဖြစ်သဖြင့် ၎င်း၏ အရှေ့တွင်ရှိသော လူနှစ်ယောက်၏ သရုပ်မှန်ကို သိမနေခဲ့ပေ။

စာချုပ်ချုပ်ပြီးနောက် ဆိုင်ပိုင်ရှင်က ရိုးသားစွာဖြင့် ဆုယောင်ကို အနောက်တိုင်း စားသောက်ဆိုင် မဖွင့်ရန် အကြံပေးခဲ့သည်။

ငါလေးရဲ့ဟင်းချက်စကေးကိုကြည့်လိုက်စမ်း (Complete ✅)Where stories live. Discover now