Chapter 52
Yamin AungJuly 31, 2023
အပိုင်း (၅၂) အချိုမုန့်များအချို့သော စိတ်ကျေနပ်မှုများက အခြားသူများ၏ နာကျင်မှုပေါ်တွင် အခြေခံပြီး ဖြစ်တည်လာတတ်သည်။
ဆုယောင်က ထိုစကားကို မဖြစ်နိုင်ဟု ထင်ထားသော်လည်း သကြားမုန့်နှင့် အခက်တွေ့နေသော မာ့ခ်ကို ကြည့်ပြီး ထိုပျော်ရွှင်မှုကို ခံစားလိုက်ရသည်။
ထိုပုံစံက သူမ လေ့ကျင့်ခဲ့စဉ်က ပုံစံနှင့် တူနေခဲ့သည်။
အထူးသဖြင့် မာ့ခ်၏ အနားတွင် Lan ကရှိနေသဖြင့် ပို၍ ပူပန်နေရသည်။
"ဘာလို့ သကြားမုန့်က မဲသွားတာလဲ အဖေ။ မမလှလှ လုပ်ထားတာနဲ့လည်း မတူဘူး"
Lan ၏လက်ထဲမှ သကြားမုန့်က သူ၏ အမေကို ပေးလိုက်ပြီ ဖြစ်သောကြောင့် တစ်ကိုက်ပင် မစားရသေးပေ။
ထို့ကြောင့် Lan က မာ့ခ်လုပ်နေသော သကြားမုန့်ကို စောင့်နေခဲ့ရာ မာ့ခ်၏ သကြားမုန့်က အမြင်မလှဘဲ တူးနေသည့် အနံ့ထွက်နေသည်။
စတော်ဘယ်ရီပတ်လည်တွင် သကြားမျှင်များလည်း မထွက်ဘဲ စတော်ဘယ်ရီသီးများက တစ်လုံးနှင့် တစ်လုံး အလွန်ဝေးနေသည်။
ကလေးများက မုန့်၏ အသွင်အပြင်ပိုင်းကို ဂရုစိုက်ကြသဖြင့် Lan က မလှမပ သကြားမုန့်ကို တစ်ကိုက်ကိုက်ပြီး ပစ်ချလိုက်ကာ ဆုယောင် လုပ်ထားသော သကြားမုန့် နှစ်ခုကို ယူပြီး ပြေးထွက်ရန် ပြင်လိုက်သည်။
ထိုအခါ မာ့ခ်က လှမ်းဆွဲထားလိုက်ပြီး "နေပါဦး သားလေးရဲ့။ အဖေ ထပ်လုပ်ပေးမယ်။ နောက်တစ်ခုဆို တကယ်ကောင်းသွားမှာပါ" ဟု ပြောလိုက်သည်။
Lan က မာ့ခ်အတင်းဆွဲထားသဖြင့် မတတ်သာဘဲ ထပ်စောင့်နေလိုက်ရသည်။
မာ့ခ်က သကြားနောက်တစ်အိုးကို ထပ်တည်လိုက်ပြီး နောက်တစ်ခု ထပ်လုပ်ပေးလိုက်သော်လည်း အပူချိန်ကို မထိန်းနိုင်သောကြောင့် သကြားရည်က အရောင်ပြောင်းပြီး တူးနံ့အနည်းငယ် ထွက်လာသည်။
"သားသွားပြီနော် ဘိုင့်"
Lan ကသူ၏ အဖေကို တုံ့ဆိုင်းခြင်းမရှိဘဲ ထားခဲ့ကာ နောက်ပြန်လှည့်မကြည့်ဘဲ ထွက်သွားသည်။