Chapter 58
Yamin AungAugust 08, 2023
အပိုင်း(၅၈) မြေအိုးမြီးရှည်ပြဿနာရှာထားသူက ဆုယောင်ကို ကူညီမည် ဆိုသဖြင့် ဆုယောင်က မငြင်းနိုင်တော့ပေ။
လုပ်ရမည့် အလုပ်များကလည်း များနေသဖြင့် လုပ်အားတစ်ခု အလကား ရလာသည်ကို ဆုယောင်က မငြင်းတော့ပေ။
"ဂေါ်ဖီချဉ်ထဲက ဆားအများကြီးကို ရေနဲ့ အထပ်ထပ်အခါခါ ဆေးချရမယ်"
"ပြီးတော့ ဒီငရုတ်သီးလည်း ဆေးရမယ်"
"ပြီးတော့ အသီးအရွက်တွေရောပဲ"
စုန့်ရန်ကို လက်စားချေသည့် အနေဖြင့် ဆုယောင်က အလုပ်အများကြီး လုပ်ခိုင်းလိုက်သည်။
စုန့်ရန်၏ အကူအညီဖြင့် ဆုယောင် ဖြစ်နေခဲ့သော မကောင်းသည့် စိတ်ခံစားချက်များက ပျောက်ကွယ်သွားပြီး မနေ့ညက ဒါရိုက်တာကွမ် ပြောခဲ့သော မနှစ်
မြို့စရာ ကောင်းသော စကားများကိုပါ ဆုယောင်က မေ့သွားတော့သည်။
ဆုယောင်က မနေ့က ရိုက်ကူးရေးအဖွဲ့၏ ပစ်မှတ်ဖြစ်သွားသဖြင့် ဒီနေ့အတွက် မနက်စာ ချက်ပြုတ်ပေးပြီး ပြန်ချော့ရမည် ဖြစ်သည်။
ဟင်းသီးဟင်းရွက်များကို ဆေးကြောနေသော စုန့်ရန်ကို ကြည့်ပြီး ဆုယောင်၏ နှုတ်ခမ်းထောင့်က မသိမသာ ကွေးတက်သွားသည်။
ခရီးစဉ် တစ်လျှောက် အဖွဲ့သားများက မနက်စောစော နိုးလာလျှင် ပထမဆုံး ရှာသည့် သူက ဆုယောင် ဖြစ်သည်။
အကြောင်းမှာ အခြားကိစ္စမဟုတ် ဆုယောင် လုပ်သည့် မနက်စာကို သိချင်သောကြောင့် ဖြစ်သည်။
ထိုအချိန်တွင် လင်းရန်ချီက သမ်းဝေပြီး အကြောအချဉ် ဖြေလျှော့ကာ မီးဖိုခန်းဆီသို့ လျှောက်လာခဲ့သည်။
"မောနင်း ဆုယောင်။ မနက်စာ ဘာချက်လဲ"
လင်းရန်ချီက မီးဖိုခန်းထဲမှ အခြေအနေကို ကြည့်ပြီး မျက်လုံးများ ကျယ်သွားသည်။
ဆုယောင်နှင့် စုန့်ရန်တို့က မီးဖိုခန်းထဲတွင် အလုပ်များနေကြပြီး လင်းရန်ချီ၏ အသံကို ကြားလိုက်သောအခါ ခေါင်းလှည့်လာကြသည်။